ရှင်မဿဲခရစ်ဝင် 12:30
``ငါ့ဘက်မှာမနေသူသည်ငါ့ကိုဆန့်ကျင် သူဖြစ်၏။ ငါနှင့်အတူမစုမသိမ်းသူသည် ကြဲဖြန့်သူဖြစ်၏။-
Common Language Bible
In The King James Version
He that is not with me is against me; and he that gathereth not with me scattereth abroad.
In Context
Cross References
Genesis 49:10ယုဒသည်ရာဇလှံတံကိုကိုင်စွဲရလိမ့်မည်။ သူ၏အဆက်အနွယ်တို့၌အုပ်စိုးခြင်းအာဏာ အမြဲရှိလိမ့်မည်။ တိုင်းနိုင်ငံတို့သည်သူ့ထံသို့လက်ဆောင်ပဏ္ဏာ ဆက်သ၍သူ့သြဇာကိုခံကြလိမ့်မည်။
Joshua 24:15အကယ်၍သင်တို့သည်ထာဝရဘုရားကို မကိုးကွယ်လျှင် မက်ဆိုပိုတေးမီးယားပြည် ၌သင်တို့၏ဘိုးဘေးများကိုးကွယ်သော ဘုရားများမှဖြစ်စေ၊ သင်တို့ယခုနေထိုင် ရာအာမောရိအမျိုးသားတို့ကိုးကွယ်သော ဘုရားများမှဖြစ်စေ၊ ကိုးကွယ်ရန်ဘုရား ကိုယနေ့ရွေးချယ်ကြလော့။ ငါနှင့်ငါ၏ မိသားစုတို့မူကားထာဝရဘုရားကို သာကိုးကွယ်မည်'' ဟုပြောကြားလေ၏။
Psalms 94:16အဘယ်သူသည်ငါ့ဘက်မှာရှိ၍သူယုတ်မာ တို့အား ဆန့်ကျင်ပါသနည်း။ အဘယ်သူသည်ငါ့တစ်ဘက်ရှိမကောင်းမှု ပြုသူတို့အားဆန့်ကျင်ပါသနည်း။
Matthew 6:24``မည်သူမျှသခင်နှစ်ဦး၏အစေကိုမခံနိုင်။ သခင် တစ်ဦးကိုမုန်း၍တစ်ဦးကိုချစ်လိမ့်မည်။ သခင်တစ်ဦး ကိုသစ္စာစောင့်၍တစ်ဦးကိုမလေးမခန့်ပြုလိမ့်မည်။ သင်တို့သည်တစ်ချိန်တည်း၌ဘုရားသခင်၏ အစေနှင့်လောကစည်းစိမ်၏အစေကိုမခံနိုင်ကြ။
Luke 9:50သခင်ယေရှုက ``ထိုသူကိုမတားမြစ်ကြ နှင့်။ သင်တို့ကိုမဆန့်ကျင်သူသည်သင်တို့ ဘက်သားဖြစ်၏'' ဟုမိန့်တော်မူ၏။