ရှင်မဿဲခရစ်ဝင် 12:31
ထိုအကြောင်းကြောင့်သင်တို့အားငါဆိုသည် ကား၊ အပြစ်ဟူသမျှအတွက်လည်းကောင်း၊ ပြစ် မှားပြောဆိုသည့်စကားဟူသမျှအတွက် လည်းကောင်း လူတို့အပြစ်ဖြေလွှတ်နိုင်ခွင့်ရှိ၏။ သန့်ရှင်းသောဝိညာဉ်တော်ကိုပြစ်မှားပြောဆို သူသည်အပြစ်ဖြေလွှတ်နိုင်ခွင့်မရှိ။-
Common Language Bible
In The King James Version
In Context
Cross References
Isaiah 1:18ထာဝရဘုရားက``သင်တို့၏အမှုကို ယခုစဉ်းစားဆုံးဖြတ်ကြပါစို့။ သင်တို့သည်အပြစ်သွေးစွန်းလျက်ရှိကြ၏။ သို့ရာတွင်ငါသည်သင်တို့အားမိုးပွင့်ကဲ့သို့ဖြူစင်အောင် ဆေးကြောတော်မူမည်။ သင်တို့သည်အပြစ်သွေးဖြင့်နီမြန်းလျက်နေသော်လည်း ဝါဂွမ်းကဲ့သို့ဖြူဖွေး၍လာလိမ့်မည်။-
Ezekiel 33:11ငါအရှင်ထာဝရဘုရားသည်အသက်ရှင် တော်မူသောဘုရားဖြစ်တော်မူသည်နှင့် အညီ ငါမိန့်တော်မူသည်ကားအပြစ်ကူး လွန်သူတစ်စုံတစ်ယောက်သေသည်ကိုမ မြင်လို ထိုသူအပြစ်ကူးလွန်မှုကိုရပ်စဲ ၍အသက်ရှင်သည်ကိုသာလျှင်တွေ့မြင် လိုသည်။ အချင်းဣသရေလအမျိုးသား တို့၊ သင်တို့ပြုလျက်ရှိသည့်အပြစ်ဒု စရိုက်ကိုရပ်စဲကြလော့။ ရပ်စဲသောသင် တို့သည်အဘယ်ကြောင့်သေချင်ကြ သနည်း။
Mark 3:28``အမှန်အကန်သင်တို့အားငါဆိုသည်ကားလူ တို့သည် မိမိတို့လွန်ကူးသောအပြစ်ရှိသမျှ အတွက်လည်းကောင်း၊ ဘုရားသခင်ကိုပြစ်မှား သောစကားဟူသမျှအတွက်လည်းကောင်း အပြစ် လွတ်ငြိမ်းနိုင်ခွင့်ရှိသည်။-
Acts 7:51``သင်တို့သည်လွန်စွာခေါင်းမာကြသည် တကား။ သင်တို့စိတ်နှလုံးသည်ဘုရားသခင် ၏ဗျာဒိတ်စကားကိုကြားနာရန်နားပင်း ကြသည်တကား။ သင်တို့သည်မိမိတို့ဘိုး ဘေးများကဲ့သို့ပင် သန့်ရှင်းသောဝိညာဉ်တော် ကိုအစဉ်အမြဲဆန့်ကျင်ဘက်ပြုကြသည် တကား။-
Hebrews 6:4မိမိဘာသာတရားကိုစွန့်သူတို့အားနောက် တစ်ဖန်အဘယ်သို့လျှင်နောင်တရစေနိုင်မည် နည်း။ အခါတစ်ပါးကထိုသူတို့သည်ဘုရား သခင်၏အလင်းတွင်ကျင်လည်၍ ကောင်းကင် ဆုကျေးဇူးကိုမြည်းစမ်းရပြီးလျှင် သန့်ရှင်း သောဝိညာဉ်တော်ကိုခံယူခဲ့ကြဖူးလေပြီ။-
Hebrews 10:29ဘုရားသခင်၏သားတော်ကိုရှုတ်ချ၍ မိမိ အားအပြစ်မှသန့်စင်စေသည့်ပဋိညာဉ် တရားဆိုင်ရာသွေးတော်ကိုမထီမဲ့မြင် ပြုလျက် ကျေးဇူးတော်ကိုပေးသည့်ဝိညာဉ် တော်ကိုစော်ကားသောသူမူကား အဘယ်မျှ ကြီးလေးသောအပြစ်ဒဏ်ခံရမည်ကို စဉ်းစား၍ကြည့်ကြလော့။-