ရှင်မဿဲခရစ်ဝင် 12:33
``အသီးကောင်းကိုရလိုလျှင်အပင်ကောင်းကို စိုက်ရမည်။ အပင်ညံ့သည်အသီးညံ့ကိုသီး လိမ့်မည်။ အသီးကိုထောက်၍အပင်အကြောင်း ကိုသိရ၏။-
Common Language Bible
In The King James Version
In Context
Cross References
Amos 5:15အဆိုးကိုမုန်း၍အကောင်းကိုမြတ်နိုး လော့။ ရုံးတော်များ၌တရားမျှတမှုရှိ စေရန်စောင့်ရှောက်ကြလော့။ ကောင်းကင်ဗိုလ် ခြေအရှင်ထာဝရဘုရားသခင်သည် ယောသပ်အမျိုးသားအနက်အသက်ရှင် လျက်ကျန်ရစ်သူအချို့ကို သနားကောင်း သနားတော်မူလိမ့်မည်။
Matthew 7:16သူတို့သည်မိစ္ဆာပရောဖက်များဖြစ်ကြောင်းကို သူတို့၏အပြုအမူအားဖြင့် သင်တို့သိရှိကြ လိမ့်မည်။ စပျစ်သီးကိုဆူးပင်မှလည်းကောင်း၊ သင်္ဘောသဖန်းသီးကိုဆူးချုံမှလည်းကောင်း လူတို့ဆွတ်ခူးကြသလော။-
Luke 3:9သစ်ပင်ရင်းတွင်ပုဆိန်ကိုချထားလျက်ရှိသဖြင့် အသီးကောင်းကိုမသီးသောအပင်ဟူသမျှသည် ခုတ်လှဲ၍ မီးထဲသို့ပစ်ချခြင်းခံရလတ္တံ့'' ဟုလူ အပေါင်းတို့အားဆို၏။
Luke 11:39သခင်ဘုရားက ``သင်တို့ဖာရိရှဲများသည်ပန်း ကန်ခွက်ယောက်များ၏ပြင်ပကိုစင်ကြယ်အောင် ဆေးကြောကြသော်လည်းသင်တို့၏စိတ်အတွင်း မှာကားအကြမ်းဖက်မှု၊ ဆိုးညစ်မှုတို့ဖြင့်ပြည့် လျက်နေ၏။-
James 3:12ငါ့ညီအစ်ကိုတို့၊ သဖန်းပင်သည်သံလွင်သီး ကိုသီးနိုင်ပါသလော။ စပျစ်ပင်သည်သဖန်း သီးကိုသီးနိုင်ပါသလော။ ထို့အတူရေငံ သည်လည်းရေချိုကိုမဖြစ်ပေါ်စေနိုင်။