ရှင်မဿဲခရစ်ဝင် 12:42
ဒက္ခိဏပြည်ကဘုရင်မသည်ဉာဏ်ပညာရှင် ရှောလမုန်မင်းကြီး၏စကားကိုကြားနာရန် ဝေးလံရပ်ခြားတိုင်းတစ်ပါးမှလာရောက်ခဲ့၏။ သို့ဖြစ်၍တရားစီရင်တော်မူရာနေ့၌သူသည် ထ၍သင်တို့အားပြစ်တင်စွပ်စွဲလိမ့်မည်။ ဤ အရပ်တွင်ရှောလမုန်မင်းထက်ကြီးမြတ်သည့် အရာရောက်ရှိနေလေပြီဟုငါဆို၏။
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 30:13သင်တို့က`အကျွန်ုပ်တို့သည်ပညတ်တရား တော်ကိုကြားနာစောင့်ထိန်းနိုင်ရန် အဘယ် သူသည်သမုဒ္ဒရာကိုဖြတ်ကူး၍အကျွန်ုပ် တို့ထံသို့ယူဆောင်ခဲ့ပါမည်နည်း' ဟူ၍ မေးမြန်းရလောက်အောင်သမုဒ္ဒရာတစ် ဖက်စွန်း၌ရှိသည်မဟုတ်။-
1 Kings 3:12သင်တောင်းလျှောက်သည့်အတိုင်းငါပြုမည်။ သင် ၏အလျင်အဘယ်သူမျှမရရှိစဖူး၊ သင်၏ နောက်၌လည်းရရှိလိမ့်မည်မဟုတ်သည့် ဉာဏ် ပညာနှင့်အသိတရားကိုသင်အားငါပေး မည်။-
1 Kings 4:29ဘုရားသခင်သည်ရှောလမုန်အား ထူးကဲ သောဉာဏ်ပညာနှင့်ထိုးထွင်းဉာဏ်ကိုလည်း ကောင်း၊ အတိုင်းမသိသောအသိတရား ကိုလည်းကောင်းပေးတော်မူ၏။-
1 Kings 5:12ထာဝရဘုရားသည်ကတိတော်ရှိသည့်အတိုင်း ရှောလမုန်အားဉာဏ်ပညာကိုပေးတော်မူ၏။ ဟိရံနှင့်ရှောလမုန်တို့သည်ငြိမ်းချမ်းစွာ နေထိုင်လျက် မဟာမိတ်စာချုပ်ချုပ်ဆိုကြ လေသည်။
1 Kings 10:24ထို့ကြောင့်ကမ္ဘာအရပ်ရပ်မှလူတို့သည်မင်းကြီး အား ထာဝရဘုရားပေးတော်မူသောဉာဏ်ပညာ ဖြင့် မြွက်ဆိုသည့်စကားများကိုကြားနာရန် လာရောက်ကြ၏။-
Isaiah 7:14ယခုထာဝရဘုရားကိုယ်တော်တိုင်ပင် သင့် အားနိမိတ်လက္ခဏာတစ်ခုကိုပြတော်မူ လိမ့်မည်။ အမျိုးသမီးပျိုတစ်ယောက်သည် ကိုယ်ဝန်ဆောင်၍သားယောကျာ်းကိုဖွားမြင် လိမ့်မည်။ သူသည်ထိုသားကို`ဧမာနွေလ' ဟုနာမည်ပေးလိမ့်မည်။-