ရှင်မဿဲခရစ်ဝင် 12:45
သူသည်သွား၍မိမိထက်ညစ်ညမ်းသောနတ် ခုနစ်ဦးကိုခေါ်ခဲ့ပြီးလျှင်ထိုနေရာတွင်နေ လေ၏။ သို့ဖြစ်၍နတ်ပူးဝင်သူ၏နောက်ဖြစ်အင် သည်ပထမဖြစ်အင်ထက်ဆိုးရွားလေတော့၏။ ဤဆိုးညစ်သောလူတို့သည်လည်းထိုနည်းအတိုင်း ပင်ခံစားရကြလတ္တံ့'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
Matthew 12:24ဤသို့ပြောဆိုသည်ကိုဖာရိရှဲတို့ကြားသိကြ သောအခါ ``ဤသူသည်နတ်မိစ္ဆာဘုရင်ဗေလ ဇေဗုလကိုအမှီပြု၍နတ်မိစ္ဆာများကိုနှင်ထုတ် သူဖြစ်၏'' ဟုဆိုကြ၏။
Matthew 21:38သို့သော်ထိုသူတို့သည်ဥယျာဉ်ရှင်၏သားကို မြင်သောအခါ `ဤသူသည်အမွေစားအမွေခံ ဖြစ်၏။ လာကြ။ သူ့ကိုသတ်၍သူ့အမွေဥစ္စာ ကိုယူကြကုန်အံ့' ဟုအချင်းချင်းတိုင်ပင် ပြီးနောက်၊-
Matthew 23:24လမ်းပြသည့်မျက်မမြင်တို့၊ သင်တို့သည်ခြင် ကောင်မမျိုမိစေရန်သောက်ရေကိုစစ်၍သောက် ကြ၏။ သို့ရာတွင်ကုလားအုတ်ကိုကားမျိုချ ကြပါသည်တကား။''
Mark 5:9ကိုယ်တော်က ``သင်၏နာမည်ကားအဘယ်နည်း'' ဟုမေး၏။ ထိုသူက ``အကျွန်ုပ်တို့သည်အရေအတွက်အား ဖြင့်များသောကြောင့် အကျွန်ုပ်တို့ကိုလေဂေါင်ဟု ခေါ်ပါသည်'' ဟုပြန်၍လျှောက်ထားပြီးနောက်၊-
Luke 11:26မိမိထက်ညစ်ညမ်းသောနတ်ခုနစ်ဦးကိုခေါ် ခဲ့ပြီးလျှင်ထိုနေရာတွင်နေလေ၏။ သို့ဖြစ် ၍နတ်ပူးဝင်သူ၏နောက်ဆုံးဖြစ်အင်သည် ပထမဖြစ်အင်ထက်ဆိုးလေ၏'' ဟုမိန့် တော်မူ၏။
Luke 19:41ကိုယ်တော်သည်ယေရုရှလင်မြို့အနီးသို့ရောက် ၍ ထိုမြို့ကိုမြင်တော်မူလျှင်ငိုကြွေးတော်မူ၏။-