ရှင်မဿဲခရစ်ဝင် 13:30
ကောက်ရိတ်ချိန်တိုင်အောင်အပင်နှစ်မျိုးလုံးဆက် လက်ကြီးပွားစေကြလော့။ ကောက်ရိတ်ချိန်ရောက် သော်ကောက်ရိတ်သမားတို့အားဦးစွာဂျုံရိုင်း များကိုနုတ်၍စည်းထားပြီးလျှင်မီးရှို့ပစ်ကြ။ ထိုနောက်ဂျုံစပါးကိုစုသိမ်း၍ငါ၏ကျီ၌ သွင်းထားကြဟုငါမှာကြားမည်' ဟုဆို၏'' ဟူ ၍မိန့်တော်မူသည်။
Common Language Bible
In The King James Version
In Context
Cross References
Job 39:12သင်၏စပါးကို ဆောင်ခဲ့၍ စပါးကျီ၌ စုသိမ်းလိမ့်မည်ဟု ယုံသလော။
Ezekiel 15:4စပျစ်ပင်သည်မီးမွှေးရန်အတွက်သာလျှင် ကောင်း၏။ အဖျားပိုင်းများလောင်ကျွမ်း၍အလယ် ပိုင်းသည်ပြာဖြစ်သွားသောအခါ သင်သည် ထိုစပျစ်ပင်ကိုအဘယ်သို့အသုံးပြုနိုင် မည်နည်း။-
Matthew 3:12လက်တော်တွင်စပါးလှေ့ရန်ဆန်ကောကိုကိုင်၍ ထားတော်မူ၏။ မိမိ၏ကောက်နယ်တလင်းကို ရှင်းလင်းပြီးနောက် ဂျုံစပါးကိုကျီတွင်စုသိမ်း ထားတော်မူလိမ့်မည်။ အဖျင်းများကိုမူငြိမ်း သတ်၍မရနိုင်သောမီးနှင့်ရှို့တော်မူလိမ့်မည်'' ဟုဟောပြော၏။
Matthew 22:10မင်းစေတို့သည်လမ်းများသို့သွား၍တွေ့ရှိသမျှ သောလူဆိုးလူကောင်းတို့ကိုခေါ်ဆောင်ခဲ့ကြ၏။ သို့ဖြစ်၍မင်္ဂလာဆောင်ပွဲခန်းမသည်ဧည့်သည် များဖြင့်ပြည့်၍နေလေ၏။''
Matthew 25:32ထိုအခါလူမျိုးအပေါင်းတို့သည်ရှေ့တော်တွင် စုရုံးရကြလိမ့်မည်။ သိုးထိန်းသည်သိုးနှင့်ဆိတ် တို့ကိုတခြားစီခွဲထုတ်သကဲ့သို့လူသားသည် လည်းလူတို့အားနှစ်စုခွဲထုတ်တော်မူပြီးလျှင်၊-
Luke 3:17မိမိ၏ကောက်နယ်တလင်းကိုရှင်းလင်းပစ်ရန် လက်တော်တွင်ဆန်ကောကိုကိုင်ထားတော်မူသည် ဖြစ်၍ ဂျုံစပါးများကိုကျီတွင်စုသိမ်း၍အဖျင်း များကိုမူ ငြိမ်းသတ်၍မရနိုင်သောမီးတွင်ကျွမ်း လောင်စေတော်မူလတ္တံ့'' ဟုသူတို့အားဆို၏။