ရှင်မဿဲခရစ်ဝင် 14:13
ဤသတင်းကိုသခင်ယေရှုကြားတော်မူလျှင် ထိုအရပ်မှတစ်ကိုယ်တည်းဆိတ်ကွယ်ရာအရပ် သို့လှေဖြင့်ကြွတော်မူ၏။ အမြို့မြို့မှလူပရိ သတ်တို့သည်လည်းကိုယ်တော်ထွက်ကြွတော်မူ ကြောင်းကြားကြလျှင်နောက်တော်သို့ကုန်းကြောင်း ဖြင့်လိုက်ကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Matthew 12:15ယင်းသို့ကြံစည်ကြောင်းကိုသခင်ယေရှုကြား သိတော်မူသောအခါ ထိုအရပ်မှကြွသွားတော် မူ၏။ များစွာသောလူတို့သည်နောက်တော်သို့လိုက် ကြ၏။ ကိုယ်တော်သည်ဖျားနာသူတို့၏ရောဂါ များကိုပျောက်ကင်းစေတော်မူ၏။-
Matthew 15:32သခင်ယေရှုသည်တပည့်တော်တို့အားအထံ တော်သို့ခေါ်ဆောင်တော်မူပြီးလျှင် ``ဤလူ အပေါင်းတို့သည်ငါနှင့်အတူသုံးရက်တိုင်တိုင် နေခဲ့ကြ၏။ သူတို့မှာအစားအစာမရှိကြ တော့သဖြင့်သူတို့ကိုငါသနား၏။ လမ်းတွင် အားပြတ်မည်စိုးရိမ်ရသဖြင့်သူတို့အား အစားအစာမကျွေးဘဲအိမ်သို့မပြန်စေ လို'' ဟုမိန့်တော်မူ၏။
Luke 9:10တမန်တော်တို့သည်ကိုယ်တော်ထံသို့ပြန်လာကြ လျက် မိမိတို့လုပ်ဆောင်ခဲ့သမျှတို့ကိုလျှောက် ထားကြ၏။ ကိုယ်တော်သည်သူတို့ကိုခေါ်၍ ဗက်ဇဲဒနာမည်တွင်သောမြို့သို့ကြွတော်မူ၏။-