ရှင်မဿဲခရစ်ဝင် 14:20
လူအပေါင်းတို့သည်အဝစားရကြသည်သာမက မုန့်နှင့်ငါးအကြွင်းအကျန်များကိုပင်တစ်ဆယ့် နှစ်တောင်းအပြည့်ကောက်သိမ်းရသေး၏။-
Common Language Bible
In The King James Version
In Context
21အမျိုးသမီးနှင့်ကလေးများမှအပမုန့်စားသူ ယောကျာ်းဦးရေမှာငါးထောင်မျှရှိသတည်း။
Cross References
Exodus 16:12``ငါသည်ဣသရေလအမျိုးသားတို့၏ ညည်းညူအပြစ်တင်သံကိုကြားရပြီ။ သူ တို့သည်ညဦးယံ၌အသားကိုစားရကြ မည်။ နံနက်တွင်မုန့်ကိုလိုသမျှရကြမည်။ ထိုအခါငါထာဝရဘုရားသည်သူတို့ ၏ဘုရားသခင်ဖြစ်သည်ကို သူတို့သိရ ကြလိမ့်မည်ဖြစ်ကြောင်းသူတို့အားဆင့် ဆိုလော့'' ဟုမိန့်တော်မူ၏။
1 Kings 17:12မုဆိုးမက``ကျွန်မမှာမုန့်တစ်ချပ်မျှမရှိ ကြောင်း အသက်ရှင်တော်မူသောသင်၏ဘုရားသခင်ကိုတိုင်တည်၍ကျိန်ဆိုပါ၏။ မုန့်ခွက် ထဲတွင်မုန့်ညက်လက်တစ်ဆုပ်စာနှင့်ဆီဘူး တွင် သံလွင်ဆီအနည်းငယ်မျှသာကျွန်မမှာ ရှိပါ၏။ ဤရှိစုမဲ့စုကလေးဖြင့်ကျွန်မ နှင့်သားငယ်အတွက်မုန့်လုပ်၍မီးဖုတ်စား နိုင်ရန် ဤနေရာသို့လာ၍ထင်းအနည်းငယ် ခွေနေခြင်းဖြစ်ပါသည်။ ထိုမုန့်သည်ကျွန်မ တို့နောက်ဆုံးစားကြရမည့်အစားအစာပင် ဖြစ်ပါသည်။ ထို့နောက်ကျွန်မတို့သည်အစာ ငတ်၍သေကြရန်ပင်ဖြစ်ပါသည်'' ဟုပြန် ပြောလေ၏။
2 Kings 4:43သို့ရာတွင်အစေခံက``လူတစ်ရာကိုဤမျှလောက် နှင့်ကျွေးနိုင်ပါမည်လော'' ဟုဆို၏။ ဧလိရှဲက``ထို အစားအစာကို ဤသူတို့ကိုကျွေးလော့။ ထာဝရ ဘုရားက`သူတို့သည်ဝစွာစားရကြသည့်အပြင် စားစရာအချို့ပင်ကျန်ကြွင်းလိမ့်မည်' ဟုမိန့် တော်မူ၏'' ဟုပြန်ပြောလေသည်။-
Ezekiel 4:14သို့ရာတွင်``အရှင်ထာဝရဘုရား၊ ကျွန်တော် မျိုးသည်အဘယ်အခါ၌မျှ မိမိကိုယ်ကို မညစ်ညမ်းစေခဲ့ဘူးပါ။ ကလေးအရွယ်မှ စ၍အဘယ်အခါ၌မျှ အလိုအလျောက် သေသောတိရစ္ဆာန်၏အသားကိုသော်လည်း ကောင်း၊ သားရဲများကိုက်၍သေသည့်တိရစ္ဆာန် ၏အသားကိုသော်လည်းကောင်း မစားခဲ့ ဘူးပါ။ ကျွန်တော်မျိုးသည်မသန့်စင်ဟု ယူဆသည့်အစားအစာကိုအဘယ်အခါ ၌မျှမစားခဲ့ဘူးပါ'' ဟုလျှောက်၏။
Matthew 5:6``ဘုရားသခင်၏အလိုတော်အတိုင်း လိုက်နာကျင့်သုံးရန်လိုလားတောင့်တသော သူတို့သည်မင်္ဂလာရှိကြ၏။ ထိုသူတို့သည်တောင့်တသည်အတိုင်း အပြည့်အဝရရှိကြလတ္တံ့။
Matthew 15:37လူတို့သည်အဝစားရကြ၏။ စားကြွင်းစား ကျန်များကိုတောင်းကြီးခုနစ်တောင်းအပြည့် ကောက်သိမ်းကြရ၏။-