ရှင်မဿဲခရစ်ဝင် 14:30
သို့ရာတွင်သူသည်လေအဟုန်ပြင်းသည်ကို မြင်သောအခါကြောက်လန့်၍လာသဖြင့်ရေ နစ်စပြုသည်နှင့် ``သခင်ဘုရား၊ အကျွန်ုပ် အားကယ်တော်မူပါ'' ဟုဟစ်အော်လေ၏။
Common Language Bible
In The King James Version
In Context
Cross References
Psalms 3:7အို ထာဝရဘုရား၊ ကြွလာတော်မူပါ။ ကျွန်တော်မျိုး၏ဘုရားသခင်၊ကျွန်တော်မျိုးအား ကယ်တော်မူပါ။ ကိုယ်တော်သည်ကျွန်တော်မျိုး၏ရန်သူအပေါင်းတို့၏ ပါးရိုးကိုရိုက်၍သူတို့၏သွားကိုချိုးတော်မူ၏။
Psalms 107:27သူတို့သည်အရက်မူးသူများကဲ့သို့ယိမ်းယိုင် လဲကျကြကုန်၏။ သူတို့၏ကျွမ်းကျင်မှုသည်အချည်းနှီးပင်ဖြစ်၏။
Lamentations 3:54မိမိ၏အပေါ်သို့ရေများဖုံးလွှမ်းလာသဖြင့် ကျွန်တော်မျိုးသည်သေရပေတော့အံ့ဟု ထင်မှတ်မိပါ၏။
Matthew 8:24အိုင်ထဲတွင်ရုတ်တရက်လေမုန်တိုင်းကျလာသဖြင့် လှေသည်လှိုင်းတံပိုးများထဲတွင်နစ်လုမတတ် ရှိတော့၏။ သို့ရာတွင်ကိုယ်တော်ကားအိပ်စက် လျက်နေတော်မူ၏။-
Mark 14:38ထို့နောက်ကိုယ်တော်က ``သင်တို့သည်စုံစမ်း သွေးဆောင်ရာသို့မလိုက်မပါအံ့သောငှာ ဆု တောင်းလျက်စောင့်နေကြလော့။ စိတ်ဆန္ဒရှိသော် လည်းကိုယ်ခန္ဓာကားအားနည်းသည်'' ဟုသူတို့ အားမိန့်တော်မူ၏။
Luke 22:54ထိုသူတို့သည်ကိုယ်တော်ကိုဖမ်းဆီးပြီးလျှင် ယဇ်ပုရောဟိတ်မင်း၏အိမ်တော်သို့ခေါ်ဆောင် သွားကြ၏။ ပေတရုသည်ခပ်လှမ်းလှမ်းကနေ ၍လိုက်လာခဲ့၏။-