ရှင်မဿဲခရစ်ဝင် 14:4
အဘယ်ကြောင့်ဆိုသော်ယောဟန်က ``သင်သည် ညီဖြစ်သူ၏ဇနီးကိုမသိမ်းမယူအပ်'' ဟု ဆိုခဲ့သောကြောင့်ဖြစ်၏။-
Common Language Bible
In The King James Version
For John said unto him, It is not lawful for thee to have her.
In Context
Cross References
Leviticus 20:21တစ်စုံတစ်ယောက်သည်မိမိညီအစ်ကို၏မယားနှင့်ထိမ်းမြားလျှင် သူတို့သည်သားသမီးမထွန်းကားဘဲရှိကြလိမ့်မည်။ သူသည်ဘာသာတရားထုံးနည်းအရမသန့်ရှင်းသောအမှုကိုပြု၍မိမိညီအစ်ကို၏အသရေကိုဖျက်၏။
2 Samuel 12:7နာသန်က``ထိုသူကားအရှင်မင်းကြီးပင်ဖြစ် ပါ၏။ ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားက`ငါသည်သင့်ကို ဣသရေလဘုရင်အဖြစ်ခန့်ထား၍ရှောလု လက်မှကယ်ဆယ်ခဲ့၏။-
2 Chronicles 26:18တားဆီးရန်လိုက်သွားပြီးလျှင်``အို သြဇိမင်း၊ ဘုရင်မင်းသည်ထာဝရဘုရားအားနံ့သာပေါင်း ကိုမီးရှို့ပူဇော်ခွင့်ရှိသူမဟုတ်ပါ။ ဤအမှု ကိုပြုရန်ဆက်ကပ်ပူဇော်ထားသူများမှာ အာရုန် မှဆင်းသက်လာသူယဇ်ပုရောဟိတ်များသာ လျှင်ဖြစ်ပါ၏။ ဤသန့်ရှင်းရာဌာနတော်မှ ထွက်ခွာသွားပါလော့။ ဘုရင်မင်းသည်ထာဝရ အရှင်ဘုရားသခင်အားပြစ်မှားလေပြီ။ ထို ကြောင့်ကိုယ်တော်သည်ထာဝရအရှင်ဘုရားသခင်၏ကောင်းချီးကိုမခံရတော့ပါ'' ဟု ဆို၏။
Isaiah 8:20ထိုအခါသင်တို့က``ထာဝရဘုရား၏ သွန်သင်တော်မူချက်ကိုနားထောင်ကြ။ သူ တို့ပြောဆိုသောစကားများသည်သင်တို့ အတွက်အကျိုးမရှိ'' ဟုပြန်ပြောကြ လော့။
Mark 6:18ယောဟန်သည်ဟေရုဒ်အား ``သင်သည်ညီဖြစ်သူ ၏ဇနီးကိုမသိမ်းမယူအပ်'' ဟုအဖန်ဖန် ကန့်ကွက်ပြောဆိုခဲ့၏။