ရှင်မဿဲခရစ်ဝင် 15:3
ကိုယ်တော်က ``သင်တို့သည်အဘယ်ကြောင့်ဘုရား သခင်၏ပညတ်တော်တို့ကိုပစ်ပယ်၍ မိမိတို့၏ ထုံးတမ်းစဉ်လာများကိုလိုက်နာကြပါသနည်း။-
Common Language Bible
In The King James Version
In Context
Cross References
Matthew 7:3သို့ဖြစ်၍သင်တို့သည်အဘယ်ကြောင့်ကိုယ့် မျက်စိထဲကသစ်တုံးကိုမမြင်ဘဲ ညီအစ် ကို၏မျက်စိထဲကငြောင့်ငယ်ကိုမြင်သနည်း။-
Mark 7:13ဤသို့လျှင်သင်တို့လက်ဆင့်ကမ်းပေးအပ်ကြ သည့်ထုံးတမ်းစဉ်လာများဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုပစ်ပယ်ကြ၏။ အလားတူ အခြားအကျင့်ဋ္ဌလေ့များစွာတို့ကိုလည်း သင်တို့ပြုကြသေး၏'' ဟုမိန့်တော်မူ၏။
Colossians 2:23ကောင်းကင်တမန်များအားမဖြစ်မနေကိုး ကွယ်ရခြင်း၊ မမှန်ကန်သောစိတ်နှိမ့်ချခြင်း၊ အလွန်အမင်းကိုယ်ခန္ဓာကိုနှိပ်စက်ခြင်းတည်း ဟူသောဥပဒေတို့သည် ဉာဏ်ပညာနှင့်ယှဉ် သောဥပဒေပညတ်များဖြစ်ဟန်တူသော် လည်းကာယတပ်မက်မှုများကိုထိန်းချုပ် ရာတွင်မည်သို့မျှအထောက်အကူမပေး ချေ။