ရှင်မဿဲခရစ်ဝင် 16:18
ထို့ကြောင့်သင်၏နာမည်သည်ကျောက်ဟုအနက် ရှိသောပေတရုဖြစ်၍ထိုကျောက်တည်းဟူသော အုတ်မြစ်ပေါ်မှာငါ၏အသင်းတော်ကိုတည်ဆောက် မည်။ သေခြင်းတရားပင်လျှင်ထိုအသင်းတော်ကို မနိုင်ရ။-
Common Language Bible
In The King James Version
In Context
Cross References
2 Samuel 18:4မင်းကြီးကလည်း``အကောင်းဆုံးဟုသင်တို့ ထင်သည့်အတိုင်းငါပြုမည်'' ဟုမိန့်တော်မူ ၏။ ထိုနောက်သူသည်တစ်ထောင်တပ်၊ တစ်ရာ တပ်တို့ချီတက်ထွက်ခွာသွားကြစဉ်မြို့ တံခါးအနီးတွင်ရပ်၍နေတော်မူ၏။-
Psalms 9:13အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားသနားတော်မူပါ။ ရန်သူများကြောင့်ကျွန်တော်မျိုးအဘယ်မျှ ဆင်းရဲ ဒုက္ခခံရကြောင်းကိုရှုမှတ်တော်မူပါ။ အို ထာဝရဘုရား ကျွန်တော်မျိုးအားသေဘေးမှကယ်ဆယ်တော် မူပါ။
Psalms 107:18သူတို့သည်အစားအစာကိုပင်ကြည့်ချင်စိတ် မရှိတော့ဘဲ သေမင်း၏တံခါးဝအနီးသို့ရောက်ရကြ၏။
Psalms 127:5ဤသို့သောမြားမြောက်မြားစွာရှိသူသည် မင်္ဂလာရှိ၏။ သူသည်ရန်သူများနှင့်တရားရုံးတွင် ရင်ဆိုင်သောအခါအရေးရှုံးနိမ့်လိမ့်မည် မဟုတ်။
Isaiah 28:6ကိုယ်တော်သည်တရားသူကြီးအဖြစ်ဆောင် ရွက်ရသူတို့အား တရားမျှတစွာပြုကျင့် တတ်သောစိတ်နေသဘောထားကိုလည်းကောင်း၊ ရန်သူတို့ကိုမြို့တံခါးများမှနှင်ထုတ်ရ ကြသောသူတို့အား ရဲစွမ်းသတ္တိကိုလည်း ကောင်းပေးတော်မူလိမ့်မည်။
Isaiah 38:10ငါသည်သက်တမ်းစေ့နေရတော့မည်မဟုတ်။ အရွယ်ကောင်းချိန်၌ပင်မရဏနိုင်ငံသို့ သွားရတော့မည်ဟုငါထင်မှတ်ခဲ့ပါ၏။