ရှင်မဿဲခရစ်ဝင် 17:20
ကိုယ်တော်က ``သင်တို့တွင်ယုံကြည်ခြင်းနည်းသော ကြောင့်ဖြစ်၏။ အမှန်အကန်သင်တို့အားငါဆိုသည် ကား၊ သင်တို့တွင်မုန်ညင်းစေ့ပမာဏမျှယုံကြည် ခြင်းရှိပါမူဤတောင်အား `ဤနေရာမှထိုနေရာ သို့ပြောင်းရွှေ့လော့' ဟုဆိုလျှင်ပြောင်းရွှေ့လိမ့်မည်။ ယုံကြည်ခြင်းရှိလျှင်သင်တို့မတတ်နိုင်သည့် အရာမရှိ။-
Common Language Bible
In The King James Version
In Context
Cross References
Matthew 13:31သခင်ယေရှုသည်အခြားပုံဥပမာကိုဆောင်၍ မိန့်တော်မူပြန်၏။ ကိုယ်တော်က ``ကောင်းကင်နိုင်ငံ တော်သည်ဤအဖြစ်အပျက်နှင့်တူ၏။ လူတစ် ယောက်သည်မုန်ညင်းစေ့ကိုယူ၍မိမိဥယျာဉ် တွင်စိုက်၏။-
Matthew 14:30သို့ရာတွင်သူသည်လေအဟုန်ပြင်းသည်ကို မြင်သောအခါကြောက်လန့်၍လာသဖြင့်ရေ နစ်စပြုသည်နှင့် ``သခင်ဘုရား၊ အကျွန်ုပ် အားကယ်တော်မူပါ'' ဟုဟစ်အော်လေ၏။
Matthew 17:17သခင်ယေရှုက ``သင်တို့သည်ယုံကြည်ခြင်းကင်း၍ လွန်စွာဖောက်ပြန်ကြပါတကား။ ငါသည်သင်တို့နှင့် မည်မျှကြာအောင်နေရမည်နည်း။ မည်မျှကြာအောင် သင်တို့အားသည်းခံရမည်နည်း။ သူငယ်ကိုငါ့ထံ သို့ခေါ်ခဲ့ကြလော့'' ဟုမိန့်တော်မူ၏။-
Mark 4:31ဘုရားသခင်၏နိုင်ငံတော်သည်မုန်ညင်းစေ့နှင့် တူ၏။ မုန်ညင်းစေ့သည်မြေ၌စိုက်စဉ်အခါ ကမ္ဘာ ပေါ်ရှိအစေ့တကာတို့ထက်သေးငယ်၏။-
Mark 11:23အမှန်အကန်သင်တို့အားငါဆိုသည်ကား မိမိ စိတ်နှလုံးအတွင်းတွင်ယုံမှားခြင်းမရှိဘဲ မိမိ ပြောဆိုသည်အတိုင်းဖြစ်လိမ့်မည်ဟုယုံကြည်သော သူသည် ဤတောင်အား `ဤနေရာမှရွေ့၍ပင်လယ် ထဲသို့ဆင်းသက်လော့' ဟုဆိုလျှင်ထိုသူဆိုသည် အတိုင်းဖြစ်လိမ့်မည်။-
Luke 17:6သခင်ဘုရားက ``သင်တို့တွင်ယုံကြည်ခြင်း မုန်ညင်းစေ့မျှလောက်ရှိပါမူ ဤပိုးစာပင် အား `အမြစ်ပါကျွတ်၍ပင်လယ်ထဲမှာစိုက် လျက်နေလော့' ဟုဆိုလျှင် ထိုအပင်သည်သင် တို့ဆိုသည့်အတိုင်းပြုလိမ့်မည်။