ရှင်မဿဲခရစ်ဝင် 17:9
ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည်တောင် ပေါ်မှဆင်းကြ၏။ ထိုသို့ဆင်းကြစဉ်သခင်ယေရှု က ``သင်တို့တွေ့မြင်ခဲ့ကြသည့်အခြင်းအရာကို လူသားသေခြင်းမှမထမြောက်မီအဘယ်သူ အားမျှမပြောကြနှင့်'' ဟုတပည့်တော်တို့အား ပညတ်တော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
Matthew 8:4သခင်ယေရှုက ``ဤအကြောင်းကိုမည်သူ့အားမျှ မပြောမိစေရန်သတိပြုလော့။ ယဇ်ပုရောဟိတ်ထံ ကိုသွား၍သင်၏ကိုယ်ကိုပြလော့။ ထိုနောက်လူတို့ ရှေ့တွင်သက်သေခံအထောက်အထားဖြစ်စေရန် မောရှေမိန့်မှာခဲ့သည့်ပူဇော်သကာကိုဆက်သလော့'' ဟုမိန့်တော်မူ၏။
Matthew 16:20ထိုနောက်ကိုယ်တော်သည်မိမိခရစ်တော်ဖြစ်တော် မူကြောင်းကိုအဘယ်သူအားမျှမပြောရန်တပည့် တော်တို့အားပညတ်တော်မူ၏။
Matthew 17:23သူ့ကိုသတ်ကြလိမ့်မည်။ ထိုနောက်သုံးရက်မြောက် သောနေ့တွင်လူသားသည်သေခြင်းမှရှင်ပြန် ထမြောက်လိမ့်မည်'' ဟုတပည့်တော်တို့အား မိန့်တော်မူ၏။ တပည့်တော်တို့သည်လည်းလွန်စွာစိတ်မချမ်း မသာဖြစ်ကြကုန်၏။
Mark 9:9ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည် တောင် ပေါ်မှဆင်းကြ၏။ ထိုသို့ဆင်းကြစဉ်ကိုယ်တော် က ``သင်တို့တွေ့မြင်ခဲ့သည့်အခြင်းအရာကို လူသားသေခြင်းမှမထမြောက်မီအဘယ်သူ အားမျှမပြောကြနှင့်'' ဟုတပည့်တော်တို့အား ပညတ်တော်မူ၏။
Luke 9:21ကိုယ်တော်က ``ဤအကြောင်းကိုမည်သူမျှ မသိစေနှင့်'' ဟုကြပ်တည်းစွာပညတ်တော် မူ၏။-
Luke 24:46ကိုယ်တော်က ``ကျမ်းစာတော်တွင်မေရှိယသည် အသေခံတော်မူရမည်။ ထိုနောက်သုံးရက်ကြာ သော်သေခြင်းမှထမြောက်တော်မူမည်။-