ရှင်မဿဲခရစ်ဝင် 18:7
လူသားတို့အားယုံကြည်ခြင်းပျက်ပြယ်စေ သောအရာများရှိသည့်အတွက်လူသားတို့ သည်အမင်္ဂလာရှိကြ၏။ ယုံကြည်ခြင်းကိုပျက် ပြယ်စေသောအရာများကားမုချရှိမည်။ သို့ ရာတွင်ယုံကြည်ခြင်းပျက်ပြယ်မှုကိုဖြစ် စေသောသူသည်အမင်္ဂလာရှိ၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 13:7သို့ဖြစ်၍အာဗြံ၏တိရစ္ဆာန်များကိုထိန်းကျောင်းသူများနှင့် လောတ၏တိရစ္ဆာန်များကိုထိန်းကျောင်းသူတို့အချင်းချင်းခိုက်ရန်ဖြစ်ပွားကြလေသည်။ (ထိုအချိန်၌ခါနာန်အမျိုးသားနှင့်ဖေရဇိအမျိုးသားတို့သည်လည်း ထိုပြည်တွင်နေထိုင်လျက်ရှိကြသေး၏။)
1 Samuel 2:22ယခုအခါ၌ဧလိသည်လွန်စွာအိုမင်းလျက် ရှိ၏။ မိမိ၏သားများကဣသရေလအမျိုး သားတို့အားပြုသမျှတို့ကိုလည်းကောင်း၊ သူ တို့သည်ထာဝရဘုရားစံတော်မူရာတဲတော် အဝင်ဝ၌ အလုပ်တာဝန်ကျသူအမျိုးသမီး များနှင့်ပင်မှားယွင်းကြကြောင်းကိုလည်း ကောင်းဧလိကြားသိရသည်။-
Matthew 13:41လူသားသည်မိမိ၏ကောင်းကင်တမန်များကိုစေ လွှတ်တော်မူ၍ လူတို့အားမှောက်မှားလမ်းလွဲစေ သူများနှင့်အပြစ်ကူးသူအပေါင်းကိုနိုင်ငံ တော်ထဲကရွေးထုတ်စေပြီးလျှင်၊-
Matthew 26:24ကျမ်းစာလာသည်အတိုင်းလူသားသည်အသေခံ ရန်သွားရမည်။ သို့ရာတွင်လူသားကိုရန်သူလက် သို့အပ်သူသည်အမင်္ဂလာရှိ၏။ မွေးဖွားခြင်းကို မခံရလျှင်သူ့အဖို့ကောင်းသေး၏'' ဟုမိန့်တော် မူသည်။
Luke 17:1သခင်ယေရှုက ``မှောက်မှားလမ်းလွဲစေသည့် အရာများကားမုချရှိမည်။ သို့ရာတွင် မှောက်မှားလမ်းလွဲမှုကိုဖြစ်စေသောသူ သည်အမင်္ဂလာရှိ၏။-
Acts 1:16``ညီအစ်ကိုတို့၊ သခင်ယေရှုကိုဖမ်းဆီးသူတို့ ၏လမ်းပြဖြစ်သူ ယုဒရှကာရုတ်ကိုရည်မှတ်၍ ကျမ်းစာတော်တွင်ဖော်ပြပါရှိသည်အတိုင်းဖြစ် ပျက်ရမည်သာတည်း။ ဤကျမ်းချက်ကိုသန့်ရှင်း သောဝိညာဉ်တော်သည်ဒါဝိဒ်မင်းနှုတ်အားဖြင့် ဟောကြားခဲ့၏။-