ရှင်မဿဲခရစ်ဝင် 19:17
ကိုယ်တော်က ``သင်သည်ကောင်းမြတ်သည့်အမှု နှင့်ပတ်သက်၍ငါ့အားအဘယ်ကြောင့်မေးသနည်း။ ကောင်းမြတ်သောအရှင်တစ်ပါးတည်းသာရှိ၏။ သင် သည်ထာဝရအသက်ကိုခံယူလိုလျှင်ပညတ်တော် တို့ကိုစောင့်ထိန်းလော့'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
1 Samuel 2:2ထာဝရဘုရားသည်သန့်ရှင်းမြင့်မြတ်တော်မူ သကဲ့သို့ အဘယ်သူမျှမသန့်ရှင်းမမြင့်မြတ်ပါ။ ကိုယ်တော်မှတစ်ပါးအခြားဘုရားမရှိပါ။ ကျွန်မတို့ကိုးကွယ်သောဘုရားကဲ့သို့ ကာကွယ်စောင့်ရှောက်နိုင်သူမရှိ။
Psalms 52:1တန်ခိုးကြီးသောအချင်းလူ၊အဘယ်ကြောင့် မိမိ၏ဆိုးညစ်မှုကိုကြွားဝါသနည်း။ ဘုရားသခင်၏သစ္စာတော်သည်အစဉ်အမြဲတည်၏။
Ezekiel 20:11ငါ၏အမိန့်တို့ကိုနာခံစေ၍ ပညတ်တော် တို့ကိုသင်ကြားပေး၏။ ယင်းတို့ကိုစောင့် ထိန်းသူတို့သည်အသက်ရှင်ရလိမ့်မည်။-
Luke 10:26ကိုယ်တော်က ``ပညတ္တိကျမ်းတွင်အဘယ်သို့ ဖော်ပြထားသနည်း။ သင်အဘယ်သို့ဖတ်ဖူး သနည်း'' ဟုမေးတော်မူလျှင်၊
Galatians 3:11ယခုတွင်ကျမ်းစာတော်က ``ဘုရားသခင် ကိုယုံကြည်ခြင်းအားဖြင့် ကိုယ်တော်နှင့်မှန် ကန်စွာဆက်ဆံသူသည်အသက်ရှင်လိမ့်မည်'' ဟုဖော်ပြထားသဖြင့်ပညတ်တရားကို စောင့်ထိန်းခြင်းအားဖြင့် အဘယ်သူမျှဘုရား သခင်နှင့်မှန်ကန်စွာဆက်ဆံခွင့်ကိုမရနိုင် ကြောင်းထင်ရှား၏။-
1 John 4:8ဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်တော် မူ၏။ သို့ဖြစ်၍မေတ္တာကင်းမဲ့သူသည်ဘုရား သခင်ကိုမသိ။-