ရှင်မဿဲခရစ်ဝင် 2:15
ဤအမှုအရာကား ``ငါ့သားကိုအီဂျစ်ပြည်မှ ခေါ်ခဲ့၏'' ဟူ၍ပရောဖက်အားဖြင့်မိန့်ကြားတော် မူသောထာဝရဘုရား၏ဗျာဒိတ်တော်အတိုင်း ဖြစ်ပျက်ခြင်းပင်ဖြစ်သတည်း။
Common Language Bible
In The King James Version
In Context
Cross References
Exodus 4:22ထိုအခါ၌သင်သည်ဖာရောဘုရင်အား`ထာ ဝရဘုရားကဣသရေလအမျိုးသားတို့ သည်ငါ၏သားဦးဖြစ်၏။-
Hosea 11:1ထာဝရဘုရားက၊ ``ဣသရေလငယ်စဉ်ကငါသည်သူ့ကိုချစ်၍၊ ငါသည်သူ့ကိုသားအဖြစ်နှင့်အီဂျစ်ပြည်မှ ခေါ်ဆောင်ခဲ့၏။
Matthew 2:17ဤသို့လျှင်၊ ``ရာမအရပ်တွင်လွန်စွာဝမ်းနည်းပူဆွေး ငိုကြွေးမြည်တမ်းသံကိုကြားရ၏။ ရာခေလသည်မိမိ၏ကလေးများအတွက် ငိုယို၍နေ၏။ ကလေးတို့သေကြပြီးဖြစ်၍သူ့အား နှစ်သိမ့်၍မရနိုင်'' ဟူသောပရောဖက်ယေရမိ၏စကားသည်မှန် ၍လာတော့၏။
Matthew 2:23နာဇရက်နာမည်တွင်သောမြို့တွင်နေထိုင်လေ၏။ သို့ဖြစ်၍ ``ကိုယ်တော်အားနာဇရက်မြို့သားဟု ခေါ်ဝေါ်ကြလတ္တံ့'' ဟူသောပရောဖက်များ၏ ဟောကြားချက်မှန်ကန်၍လာသတည်း။
Matthew 8:17ဤသို့လျှင် ``ကိုယ်တော်သည်ငါတို့၏အဖျားအနာ များနှင့်ရောဂါဝေဒနာများကိုဆောင်ယူသွား တော်မူ၏'' ဟူ၍ ပရောဖက်ဟေရှာယဟောခဲ့သည့် စကားအတိုင်းဖြစ်ပျက်၍လာသတည်း။
Matthew 21:4ဤအခြင်းအရာကား ``သင်တို့၏ရှင်ဘုရင်သည် သင်တို့ထံသို့ကြွလာတော်မူပြီ။ ထိုအရှင်သည်နူးညံ့သိမ်မွေ့တော်မူသဖြင့် မြည်းကိုစီးတော်မူ၏။ ဝန်ဆောင်တိရစ္ဆာန်၏သား၊မြည်းကလေးကိုစီး တော်မူ၏ဟုဇိအုန်မြို့အားပြောကြားကြလော့'' ဟူ၍ပရောဖက်မြွက်ဆိုခဲ့သည့်အတိုင်း ဖြစ်ပျက်ခြင်းပင်တည်း။