ရှင်မဿဲခရစ်ဝင် 2:2
``ယခုဖွားမြင်သောယုဒရှင်ဘုရင်သည် အဘယ်မှာရှိသနည်း။ အရှေ့တိုင်းနိုင်ငံတွင် ထိုအရှင်၏ကြယ်ပေါ်ထွန်းသည်ကိုမြင်သဖြင့် ထိုအရှင်အားဖူးမြော်ပူဇော်အံ့သောငှာ ငါ တို့ရောက်လာကြပါသည်'' ဟုစုံစမ်းမေးမြန်း ကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Numbers 24:17ငါသည်အနာဂတ်ကိုမျှော်ကြည့်သောအခါ ဣသရေလနိုင်ငံကိုငါမြင်ရ၏။ ထိုနိုင်ငံတွင်ရှင်ဘုရင်တစ်ပါးသည်တောက်ပသော ကြယ်သဖွယ်ပေါ်ထွန်းလာလိမ့်မည်။ ထိုဘုရင်သည်ကြယ်တံခွန်သဖွယ် ဣသရေလနိုင်ငံတွင်ပေါ်ထွန်းလိမ့်မည်။ သူသည်မောဘအမျိုးသားခေါင်းဆောင်တို့ကို တိုက်ခိုက်ချေမှုန်း၍ ရှေသအနွယ်ဝင်တို့ကိုနှိမ်နင်းလိမ့်မည်။
Psalms 45:11သင်၏လှပသောအဆင်းသည်မင်းကြီးအား သင့်ကိုနှစ်သက်စွဲလန်းစေလိမ့်မည်။ မင်းကြီးသည်သင်၏အရှင်သခင်ဖြစ်သဖြင့် သင်သည်သူ၏စကားကိုနားထောင်ရမည်။
Isaiah 32:1တစ်နေ့သောအခါ၊ သီလသမာဋ္ဌိရှိသည့် ဘုရင်တစ်ပါးနှင့် တရားသဖြင့်အုပ်စိုးသည့် အမျိုးသားခေါင်းဆောင်များပေါ်ထွန်းလာ လိမ့်မည်။-
Jeremiah 23:5ထာဝရဘုရားက``ဒါဝိဒ်၏ဖြောင့်မတ်သော သားမြေးတစ်ဦးကို မင်းအဖြစ်ငါရွေးချယ် ခန့်ထားမည့်အချိန်ဧကန်အမှန်ကျရောက် လာလိမ့်မည်။ ထိုမင်းသည်ပညာဉာဏ်နှင့်အုပ် စိုး၍တိုင်းပြည်တစ်လျှောက်လုံးတွင် အမှန် တရားအတိုင်းတရားမျှတစွာစီရင်လိမ့် မည်။-
Zechariah 9:9ဇိအုန်မြို့သူ၊မြို့သားအပေါင်းတို့၊ အားရ ရွှင်မြူး ကြလော့။ အားရရွှင်မြူးကြလော့။ အချင်းယေရုရှလင်မြို့သူ၊မြို့သားတို့၊ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ ကြည့်ကြ။ သင်တို့၏ဘုရင်ကြွလာတော်မူပြီ။ ထိုအရှင်သည်အောင်ပွဲခံ၍ကယ်တင်တော် မူရန် ကြွလာသည်ဖြစ်သော်လည်း စိတ်နှလုံးနှိမ့်ချလျက်မြည်းမ၏သား မြည်းကလေးကိုစီး၍လာ၏။