ရှင်မဿဲခရစ်ဝင် 20:1
``ကောင်းကင်နိုင်ငံတော်သည်စပျစ်ဥယျာဉ်ပိုင် ရှင်တစ်ဦးကြုံတွေ့ရသည့်အဖြစ်အပျက်နှင့် တူ၏။ သူသည်အလုပ်သမားများငှားရန်နံနက် စောစောထွက်သွား၏။-
Common Language Bible
In The King James Version
In Context
Cross References
Song of Solomon 8:11ငါပိုင်သောစပျစ်ဥယျာဉ်သည် ငါ့ရှေ့မှာရှိ၍၏။ အိုရှောလမုန်၊ ငွေတ ထောင်ကို ကိုယ်တော်အားဆက်၍ အသီးသီးစောင့်သော သူတို့သည် နှစ်ရာကိုယူရကြ၏။
Jeremiah 25:3``ထာဝရဘုရားသည်အာမုန်၏သားယုဒ ဘုရင်ယောရှိနန်းစံတစ်ဆယ့်သုံးနှစ်မြောက် မှအစပြု၍ ယနေ့တိုင်အောင်နှစ်ဆယ့်သုံး နှစ်ပတ်လုံးငါ့အားဗျာဒိတ်ပေးလျက်နေ တော်မူခဲ့၏။ ငါသည်လည်းကိုယ်တော်၏ ဗျာဒိတ်တော်များကို သင်တို့အားပြန်ကြား ခဲ့၏။ သို့ရာတွင်သင်တို့သည်ပမာဏမပြု ခဲ့ကြ။-
Matthew 9:37ထို့ကြောင့်ကိုယ်တော်က ``ရိတ်သိမ်းရန်စပါးများ သော်လည်း ရိတ်သိမ်းသောလုပ်သားတို့ကားနည်း လှ၏။-
Matthew 13:31သခင်ယေရှုသည်အခြားပုံဥပမာကိုဆောင်၍ မိန့်တော်မူပြန်၏။ ကိုယ်တော်က ``ကောင်းကင်နိုင်ငံ တော်သည်ဤအဖြစ်အပျက်နှင့်တူ၏။ လူတစ် ယောက်သည်မုန်ညင်းစေ့ကိုယူ၍မိမိဥယျာဉ် တွင်စိုက်၏။-
Matthew 13:44``ကောင်းကင်နိုင်ငံတော်သည်ဤအဖြစ်အပျက် နှင့်တူ၏။ လူတစ်ယောက်သည်လယ်၌မြှုပ်ထားသော ဘဏ္ဍာကိုတွေ့သဖြင့်တစ်ဖန်မြှုပ်ထားခဲ့၏။ ထိုနောက် ဝမ်းမြောက်စွာသွားပြီးလျှင်ရှိသမျှကိုရောင်းချ လျက်ထိုလယ်ကိုဝယ်လေ၏။
Matthew 21:28ထိုနောက်ကိုယ်တော်က ``သင်တို့သည်အဘယ်သို့ ထင်မှတ်ကြသနည်း။ လူတစ်ယောက်မှာသားနှစ် ယောက်ရှိ၏။ သူသည်သားကြီးထံသို့သွားပြီး လျှင်`ငါ့သား၊ ယနေ့စပျစ်ဥယျာဉ်သို့သွား၍ လုပ်ဆောင်ပါလော့' ဟုဆို၏။-