ရှင်မဿဲခရစ်ဝင် 20:21
ကိုယ်တော်က ``သင်အဘယ်အရာကိုအလိုရှိ သနည်း'' ဟုမေးတော်မူလျှင်၊ ``ကိုယ်တော်သည်ဘုရင်အဖြစ်အုပ်စိုးတော်မူ သောအခါ ကျွန်မ၏သားနှစ်ယောက်အားအရှင် ၏လက်ယာရံနှင့်လက်ဝဲရံခန့်ထားတော်မူပါ'' ဟုပန်ကြား၏။
Common Language Bible
In The King James Version
In Context
Cross References
1 Kings 3:5ယခုညဥ့်၌ထာဝရဘုရားသည်အိပ်မက် တွင်ထင်ရှားတော်မူ၍``သင်သည်အဘယ် ဆုကိုအလိုရှိသနည်း'' ဟုမေးတော်မူ၏။
Psalms 45:9အရှင်မင်းကြီး၏မောင်းမတော်တို့တွင် အပြည်ပြည်မှမင်းသမီးများပါဝင်ပါ၏။ ရာဇပလ္လင်တော်၏လက်ယာဘက်တွင် ရွှေစင်ဖြင့်ပြီးသောတန်ဆာများကိုဆင်ယင်ကာ မိဖုရားကြီးသည်ရှိနေပါ၏။
Jeremiah 45:5သင်သည်မိမိအတွက်အထူးအခွင့်အရေး ကိုစောင့်မျှော်နေသလော။ မစောင့်မျှော်နှင့်။ ငါ သည်လူခပ်သိမ်းတို့အပေါ်သို့ဘေးအန္တရာယ် ဆိုးကိုသက်ရောက်စေမည်။ သို့သော်လည်းသင် သည်ရောက်လေရာရာအရပ်တွင်အသက်မ သေဘဲ ထိုဘေးအန္တရာယ်မှလွတ်မြောက်လိမ့် မည်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟုမိန့်တော်မူကြောင်း ဆင့်ဆိုလေသည်။
Matthew 19:28သခင်ယေရှုက ``ငါအမှန်အကန်ဆိုသည် ကားအသစ်ပြုပြင်ရာကာလတွင်လူသားသည် ဘုန်းအသရေနှင့်ပြည့်စုံသည့်ပလ္လင်တော်မှာ ထိုင်တော်မူသောအခါ ငါ၏တပည့်ဖြစ်သူ သင်တို့သည်လည်းပလ္လင်တစ်ဆယ့်နှစ်ခုပေါ်မှာ ထိုင်၍ ဣသရေလအနွယ်တစ်ဆယ့်နှစ်ပါးကို တရားစီရင်ရကြလတ္တံ့။-
Mark 6:22ထိုညစာစားပွဲသို့ဟေရောဒိ၏သမီးသည် လာ၍ အကနှင့်ဖျော်ဖြေ၏။ သူသည်ဟေရုဒ်နှင့် ဧည့်သည်တော်အပေါင်းတို့၏စိတ်ကိုများစွာ ရွှင်လန်းစေ၏။ ဘုရင်မင်းကသူငယ်မအား ``သင် နှစ်သက်ရာကိုတောင်းလော့။ သင့်အားငါပေးမည်။-
Mark 10:51သခင်ယေရှုက ``သင့်အတွက်အဘယ်အရာ ကိုပြုစေလိုသနည်း'' ဟုမေးတော်မူ၏။ မျက်မမြင်က ``အရှင်ဘုရား၊ အကျွန်ုပ်အား မျက်စိပြန်၍မြင်စေတော်မူပါ'' ဟုလျှောက် ၏။