ရှင်မဿဲခရစ်ဝင် 20:4
ထိုအခါသူတို့အား `သင်တို့သည်စပျစ်ဥယျာဉ် သို့သွား၍အလုပ်လုပ်ကြ။ ထိုက်သင့်သောလုပ် အားခကိုငါပေးမည်' ဟုဆို၏။-
Common Language Bible
In The King James Version
In Context
Cross References
Matthew 21:23ကိုယ်တော်သည်ဗိမာန်တော်သို့ပြန်လည်ကြွလာ တော်မူ၍ဟောပြောသွန်သင်တော်မူစဉ်ယဇ်ပုရော ဟိတ်ကြီးများနှင့်ဘာသာရေးခေါင်းဆောင်များသည် အထံတော်သို့ချဉ်းကပ်ကြပြီးလျှင် ``အရှင်သည် ဤအမှုအရာများကိုအဘယ်အခွင့်အာဏာနှင့် ပြုတော်မူပါသနည်း။ ထိုအခွင့်အာဏာကိုအရှင့် အားအဘယ်သူပေးအပ်ပါသနည်း'' ဟုမေး လျှောက်ကြ၏။
Romans 6:16လူတစ်စုံတစ်ယောက်၏စေစားမှုကိုခံသော သူသည် စေစားသူ၏ကျွန်ဖြစ်ကြောင်းသင်တို့ ကောင်းစွာသိကြ၏။ အကယ်၍သင်တို့သည် အပြစ်တရား၏စေစားမှုကိုခံကြပါမူ သင် တို့ခံစားရမည့်အကျိုးဆက်ကားသေခြင်း ပင်ဖြစ်၏။ အကယ်၍သင်တို့သည်ဘုရားသခင် ၏စကားကိုနာခံကြမည်ဆိုပါကကိုယ်တော် နှင့်မှန်ကန်စွာဆက်သွယ်မှုကိုရရှိကြလိမ့်မည်။-
Colossians 4:1သခင်ဖြစ်သူတို့၊ သင်တို့သည်လည်းကောင်းကင် ဘုံတွင်ရှိတော်မူသောသခင်၏ကျွန်များဖြစ် ကြောင်းကိုသိမှတ်လျက် မိမိတို့၏ကျွန်များ ကိုတရားမျှတစွာဆက်ဆံကြလော့။
Titus 3:8ဤစကားသည်သစ္စာစကားဖြစ်၏။ ဘုရားသခင်ကိုယုံကြည်သူတို့သည်ကောင်း မြတ်သောအကျင့်၊ လူအပေါင်းတို့အားအကျိုး ပြုသောအကျင့်များ၌မွေ့လျော်ကြစေရန် အထက်တွင်ဖော်ပြခဲ့သည့်အမှုအရာများ ကိုအထူးဂရုပြု၍နှိုးဆော်တိုက်တွန်းလော့။-
1 Peter 4:2သို့ဖြစ်၍ဤလောကတွင်သင်တို့အသက် ရှင်ရန်ကြွင်းကျန်သေးသည့်အချိန်ကာလ၌ လူတို့တပ်မက်ခြင်းစိတ်ဆွဲဆောင်ရာသို့ မလိုက်ဘဲဘုရားသခင်၏အလိုတော် ကိုလိုက်၍အသက်ရှင်ရကြမည်။-