ရှင်မဿဲခရစ်ဝင် 21:12
သခင်ယေရှုသည်ဗိမာန်တော်သို့ဝင်တော်မူ၍ ဗိမာန်တော်အတွင်းမှရောင်းဝယ်နေသူတို့ကို နှင်ထုတ်တော်မူ၏။ ငွေလဲလှယ်သူတို့၏စားပွဲ များနှင့်ချိုးငှက်ရောင်းသူတို့၏ထိုင်ခုံများကို မှောက်လှန်ပစ်တော်မူ၏။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 30:13သန်းခေါင်စာရင်းဝင်သူတိုင်းသည်လိုအပ်သော အသက်ဖိုးငွေကို သတ်မှတ်ထားသောစံနှုန်း အတိုင်းခြင်တွယ်၍ပေးရမည်။ လူတိုင်းထို အခွန်ငွေကိုငါ့အားဆက်ကပ်ရမည်။-
Leviticus 5:7ထိုသူသည်သိုးကိုဖြစ်စေ၊ ဆိတ်ကိုဖြစ်စေ ပူဇော်ရန်မတတ်နိုင်လျှင် သူ၏အပြစ်အတွက် ချိုးနှစ်ကောင်သို့မဟုတ်ခိုနှစ်ကောင်ကို ထာဝရ ဘုရားထံတော်သို့ယူဆောင်ခဲ့ရမည်။ ငှက်တစ် ကောင်ကိုအပြစ်ဖြေရာယဇ်အဖြစ်ဖြင့်လည်း ကောင်း၊ အခြားတစ်ကောင်ကိုမီးရှို့ရာယဇ် အဖြစ်ဖြင့်လည်းကောင်းပူဇော်ရမည်။-
Leviticus 12:6မိခင်သည်သားကိုဖွားမြင်သည်ဖြစ်စေ၊ သမီးကို ဖွားမြင်သည်ဖြစ်စေသွေးမသန့်သည့်ကာလပြီး ဆုံးသောအခါ မီးရှို့ရာယဇ်ပူဇော်ရန်တစ်နှစ်သား သိုးကလေးကိုလည်းကောင်း၊ အပြစ်ဖြေရာယဇ်ပူ ဇော်ရန် ချိုးသို့မဟုတ်ခိုတစ်ကောင်ကိုလည်းကောင်း ထာဝရဘုရားစံတော်မူရာတဲတော်တံခါးဝ သို့ယူဆောင်ခဲ့၍ယဇ်ပုရောဟိတ်ထံအပ်ရမည်။-
Leviticus 14:22အပြစ်ဖြေရာယဇ်နှင့်မီးရှို့ရာယဇ် အတွက်တစ်ကောင်စီပူဇော်ရန် ချိုးနှစ်ကောင် သို့မဟုတ်ခိုနှစ်ကောင်ကိုလည်းယူခဲ့ရမည်။-
Leviticus 15:14အဋ္ဌမနေ့တွင်သူသည် ချိုးနှစ်ကောင်သို့ မဟုတ်ခိုနှစ်ကောင်ကို ထာဝရဘုရားစံ တော်မူရာတဲတော်တံခါးဝသို့ယူဆောင် ခဲ့၍ယဇ်ပုရောဟိတ်ထံပေးအပ်ရမည်။-
Deuteronomy 14:24ထာဝရဘုရားသည်သင်တို့အားကောင်းချီး ပေးသဖြင့် ရရှိသောဝတ္ထုပစ္စည်းထဲမှဆယ်ဖို့ တစ်ဖို့ကို ဘုရားဝတ်ပြုရာဌာနသို့ယူဆောင် သွားရန်ခရီးဝေးလွန်းလျှင်၊-