ရှင်မဿဲခရစ်ဝင် 21:28
ထိုနောက်ကိုယ်တော်က ``သင်တို့သည်အဘယ်သို့ ထင်မှတ်ကြသနည်း။ လူတစ်ယောက်မှာသားနှစ် ယောက်ရှိ၏။ သူသည်သားကြီးထံသို့သွားပြီး လျှင်`ငါ့သား၊ ယနေ့စပျစ်ဥယျာဉ်သို့သွား၍ လုပ်ဆောင်ပါလော့' ဟုဆို၏။-
Common Language Bible
In The King James Version
In Context
Cross References
Matthew 17:25ပေတရုက ``ပေးဆောင်ပါသည်'' ဟုဆို၏။ ထိုနောက်အိမ်ထဲသို့ပေတရုဝင်လာသောအခါ သခင်ယေရှုသည်ပေတရုမပြောမီ ``ရှိမုန်၊ သင် အဘယ်သို့ထင်မြင်ပါသနည်း။ လောကီဘုရင် တို့သည်မည်သူ့ထံမှအခွန်အကောက်များကို ကောက်ခံကြသနည်း။ တိုင်းရင်းသားများထံမှ လော။ နိုင်ငံခြားသားများထံမှလော'' ဟု မေးတော်မူ၏။
Matthew 20:5ထိုသူတို့သည်သွားကြ၏။ သူသည်မွန်းတည့်ချိန် ၌လည်းကောင်း၊ မွန်းလွဲသုံးနာရီခန့်၌လည်း ကောင်းထိုနည်းတူစျေးရပ်ကွက်သို့သွား၍အလုပ် သမားများကိုငှား၏။-
Matthew 22:17သို့ဖြစ်၍အရှင်အဘယ်သို့ထင်မြင်သည်ကို အကျွန်ုပ်တို့အားမိန့်တော်မူပါ။ ရောမဧကရာဇ် ဘုရင်အားအခွန်ဆက်အပ်ပါသလော၊ မဆက် အပ်ပါသလော'' ဟုမေးလျှောက်ကြ၏။
Luke 13:4ရှိလောင်မျှော်စင်ပြိုကျသဖြင့် ပိ၍သေသူ လူတစ်ဆယ့်ရှစ်ယောက်တို့သည် အခြားယေရု ရှလင်မြို့သူမြို့သားများထက်ပို၍အပြစ် ကူးသူများဖြစ်သည်ဟု သင်တို့ထင်မှတ် ကြသလော။-
1 Corinthians 10:15သင်တို့အားအသိအလိမ္မာရှိသူများအနေ ဖြင့်ငါပြောနေခြင်းဖြစ်၏။ ငါ့စကားကို စဉ်းစားဆင်ခြင်ကြလော့။-