ရှင်မဿဲခရစ်ဝင် 22:11
``မင်းကြီးသည်ဧည့်သည်များကိုကြည့်ရှုရန် ကြွလာသောအခါ မင်္ဂလာဆောင်ပွဲထိုင်ဝတ်စုံ ကိုဝတ်ဆင်မထားသူလူတစ်ယောက်ကိုမြင် တော်မူသဖြင့် `အဆွေသင်သည်ပွဲထိုင်ဝတ်စုံ ကိုမဝတ်မဆင်ဘဲအဘယ်ကြောင့်လာပါ သနည်း' ဟုမေးတော်မူ၏။-
Common Language Bible
In The King James Version
And when the king came in to see the guests, he saw there a man which had not on a wedding garment:
In Context
12သို့ရာတွင်ထိုသူသည်မဖြေနိုင်ဘဲရှိနေ၏။-
Cross References
Psalms 45:13မင်းသမီးသည်နန်းတွင်းသို့ရောက်လေပြီ။ သူသည်အလွန်လှပတင့်တယ်ပါသည်တကား။ သူ၏ဝတ်လဲတော်ကိုရွှေချည်ဖြင့် ရက်လုပ်ထားပေသည်။
Isaiah 61:3ဇိအုန်မြို့တွင်ပူဆွေးဝမ်းနည်းနေသူတို့အား ပူဆွေးခြင်းအစား ဝမ်းမြောက်ခြင်းကိုလည်းကောင်း၊ ဝမ်းနည်းခြင်းအစားထောမနာသီချင်း ကိုလည်းကောင်း ပေးရန်ကိုယ်တော်သည်ငါ့အားစေလွှတ်တော်မူပြီ။ သူတို့သည်ထာဝရဘုရား၏ဂုဏ်တော်ကို ထင်ရှားစေရန် ကိုယ်တော်တိုင်စိုက်တော်မူသောဖြောင့်မတ်ခြင်း တည်းဟူသော ဝက်သစ်ချပင်များသဖွယ်စိုပြေဖွံ့ဖြိုးကြလိမ့်မည်။
Lamentations 5:22သို့တည်းမဟုတ်ကိုယ်တော်သည်ကျွန်တော်မျိုး တို့အား ထာဝစဉ်စွန့်ပစ်ထားတော်မူပြီလော။ ကိုယ်တော်ရှင်၏အမျက်တော်ငြိမ်းမည့် ကာလမရှိတော့ပါတကား။ ပရောဖက်ယေရမိမြည်တမ်းသော စကားပြီး၏။
Zechariah 3:3ယောရှုသည်ညစ်ပေနေသောအဝတ်များကို ဝတ်လျက် ထိုအရပ်တွင်ရပ်၍နေ၏။-
Matthew 13:30ကောက်ရိတ်ချိန်တိုင်အောင်အပင်နှစ်မျိုးလုံးဆက် လက်ကြီးပွားစေကြလော့။ ကောက်ရိတ်ချိန်ရောက် သော်ကောက်ရိတ်သမားတို့အားဦးစွာဂျုံရိုင်း များကိုနုတ်၍စည်းထားပြီးလျှင်မီးရှို့ပစ်ကြ။ ထိုနောက်ဂျုံစပါးကိုစုသိမ်း၍ငါ၏ကျီ၌ သွင်းထားကြဟုငါမှာကြားမည်' ဟုဆို၏'' ဟူ ၍မိန့်တော်မူသည်။
Romans 3:22လူတို့အားဘုရားသခင်နှင့်မှန်ကန်စွာ ဆက်ဆံနိုင်သောနည်းလမ်းမှာယေရှုခရစ် ကိုယုံကြည်ခြင်းဖြစ်သည်။ လူတို့သည်ခြား နားခြင်းမရှိ။-