ရှင်မဿဲခရစ်ဝင် 22:24
သူတို့က ``ဆရာတော်၊ လူတစ်စုံတစ်ယောက်သည် သားသမီးမရဘဲသေဆုံးသွားလျှင်သူ၏ မုဆိုးမကိုညီဖြစ်သူကဆက်ခံထိမ်းမြားရ မည်။ ရသောသားသမီးများအားဖြင့်အစ်ကို ၏အမျိုးကိုမပြတ်စေရဟုမောရှေမိန့်မှာ ခဲ့ပါ၏။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 38:11ထိုအခါယုဒသည်သူ၏ချွေးမတာမာ အား``ငါ့သားရှေလအရွယ်ရောက်သည်အထိ သင်သည်အဖအိမ်သို့ပြန်၍မုဆိုးမဘဝ နှင့်နေလော့'' ဟုဆိုလေ၏။ ထိုသို့ဆိုရခြင်းမှာ သားရှေလသည် သူ၏အစ်ကိုတို့ကဲ့သို့သေ မည်ကိုစိုးရိမ်သောကြောင့်ဖြစ်သည်။ သို့ဖြစ်၍ တာမာသည်သူ၏ဖခင်အိမ်သို့ပြန်၍နေထိုင် လေသည်။
Ruth 1:11နောမိကလည်း``ငါ့သမီးတို့၊ ပြန်သွားကြ လော့။ အဘယ်ကြောင့်ငါနှင့်လိုက်လိုကြပါ သနည်း။ သင်တို့နှင့်လက်ထပ်ထိမ်းမြားရန် အတွက် ငါသည်နောက်ထပ်သားများကို မွေးဖွားပေးနိုင်ပါသလော။-
Matthew 22:16သူတို့သည်မိမိတို့၏တပည့်များကိုဟေရုဒ် ၏ပါတီဝင်အချို့နှင့်အတူအထံတော်သို့ စေလွှတ်ပြီးလျှင် ``ဆရာတော်၊ အရှင်သည်သစ္စာ ရှိတော်မူ၍ဘုရားသခင်၏တရားလမ်းကို ဟုတ်မှန်သည်အတိုင်းသွန်သင်တော်မူပါ၏။ လူ တို့အဘယ်သို့ထင်မြင်ကြသည်ကိုအမှုမ ထားပါ။ လူ့မျက်နှာကိုလည်းထောက်တော်မမူပါ။-
Mark 12:19``ဆရာတော်၊ `လူတစ်စုံတစ်ယောက်သည်သားသမီး မရဘဲသေဆုံးသွားလျှင် ကျန်ခဲ့သည့်ဇနီးကိုညီ ဖြစ်သူကဆက်ခံထိမ်းမြားရမည်။ အစ်ကို၏အမျိုး အနွယ်ကိုသူ၏ကိုယ်စားတိုးပွားစေရမည်' ဟု အကျွန်ုပ်တို့အားမောရှေမိန့်မှာခဲ့ပါသည်။-
Luke 20:28သူတို့က ``ဆရာတော် `တစ်စုံတစ်ယောက်သည် သားသမီးမရဘဲသေဆုံးသွားလျှင် ကျန်ခဲ့ သည့်ဇနီးကိုညီဖြစ်သူကဆက်ခံထိမ်းမြား ရမည်။ အစ်ကို၏အမျိုးအနွယ်ကိုသူ၏ ကိုယ်စားတိုးပွားစေရမည်' ဟုအကျွန်ုပ်တို့ အားမောရှေမိန့်မှာခဲ့ပါသည်။-