ရှင်မဿဲခရစ်ဝင် 24:30
ထိုအခါလူသားကြွလာတော်မူမည့်နိမိတ် လက္ခဏာသည်မိုးကောင်းကင်တွင်ပေါ်ထွန်းလာ လိမ့်မည်။ မိုးတိမ်ကိုစီးလျက်ကြီးစွာသောဘုန်း တန်ခိုးတော်ဖြင့်လူသားကြွလာတော်မူသည်ကို ကမ္ဘာပေါ်ရှိလူအပေါင်းတို့သည်မြင်ကြသော အခါငိုကြွေးမြည်တမ်းကြလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Zechariah 12:10``ငါသည်ဒါဝိဒ်၏သားစဉ်မြေးဆက်များ နှင့် အခြားယေရုရှလင်မြို့သူမြို့သား တို့အားကရုဏာထားတတ်သောသဘော၊ ဆုတောင်းပတ္ထနာပြုတတ်သောသဘော နှင့်ပြည့်ဝစေမည်။ သူတို့သည်မိမိတို့ဋ္ဌား နှင့်ထိုး၍သတ်ခဲ့သူကိုကြည့်ပြီးလျှင် တစ် ဦးတည်းသောသား၏အတွက်ငိုကြွေးမြည် တမ်းဘိသကဲ့သို့ ထိုသူ၏အတွက်ငိုကြွေး မြည်တမ်းကြလိမ့်မည်။ သူတို့သည်သားဦး သေဆုံးရသူများကဲ့သို့ဝမ်းနည်းပက် လက်ငိုကြွေးမြည်တမ်းကြလိမ့်မည်။-
Matthew 24:3ကိုယ်တော်သည်သံလွင်တောင်ပေါ်တွင်တစ်ကိုယ်တည်း ထိုင်နေတော်မူစဉ်တပည့်တော်တို့သည်အထံတော် သို့ချဉ်းကပ်၍ ``အရှင်မိန့်တော်မူသောအမှုအရာ များသည်အဘယ်အခါကာလ၌ဖြစ်ပျက်ပါမည် နည်း။ အရှင်ကြွလာတော်မူချိန်နှင့်ကပ်ကမ္ဘာကုန်ဆုံး ချိန်၌အဘယ်နိမိတ်များပေါ်ထွန်းပါမည်နည်း။ အကျွန်ုပ်တို့အားမိန့်တော်မူပါ'' ဟုလျှောက်ထား ကြ၏။
Mark 13:4ပေတရု၊ ယာကုပ်၊ ယောဟန်နှင့်အန္ဒြေ-တို့သည် ချဉ်းကပ်၍ ``အရှင်မိန့်တော်မူသောအရာများ သည်အဘယ်ကာလ၌ဖြစ်ပျက်ပါမည်နည်း။ ဤအမှုအရာများဖြစ်ပျက်ချိန်၌အဘယ် နိမိတ်များပေါ်ထွန်းပါမည်နည်း။ အကျွန်ုပ် တို့အားမိန့်တော်မူပါ'' ဟုမေးလျှောက်ကြ၏။
Mark 14:62သခင်ယေရှုက ``မှန်၏။ လူသားသည်အနန္တ တန်ခိုးရှင်၏လက်ယာဘက်၌ထိုင်လျက်နေသည် ကိုလည်းကောင်း၊ မိုးတိမ်စီး၍ကြွလာသည်ကို လည်းကောင်းသင်တို့မြင်ရကြလတ္တံ့'' ဟုမိန့် တော်မူ၏။-
Luke 22:69ယခုမှစ၍လူသားသည်အနန္တတန်ခိုးတော် ရှင်ဘုရားသခင်၏လက်ယာတော်ဘက်တွင် ထိုင်တော်မူလတ္တံ့'' ဟုမိန့်တော်မူ၏။
2 Thessalonians 1:7ယခုဆင်းရဲဒုက္ခရောက်လျက်ရှိသောသင်တို့ နှင့်အတူငါတို့ကိုလည်းစိတ်သက်သာရာ ရစေတော်မူလိမ့်မည်။ သခင်ယေရှုသည် တန်ခိုးကြီးသောကောင်းကင်တမန်များ ခြံရံလျက်မီးလျှံနှင့်တကွ ကောင်းကင်ဘုံ မှကြွလာတော်မူသောအခါ၌ဘုရား သခင်သည် မိမိကိုပစ်ပယ်သူတို့နှင့်ငါ တို့သခင်ယေရှုအကြောင်းသတင်းကောင်း ကိုမလိုက်နာသူတို့အားအပြစ်စီရင် တော်မူလိမ့်မည်။-