ရှင်မဿဲခရစ်ဝင် 24:6
သင်တို့သည်ရပ်နီးရပ်ဝေးမှစစ်မက်သတင်း များကိုကြားကြလိမ့်မည်။ သို့ရာတွင်မထိတ် မလန့်ကြနှင့်။ ဤအမှုအရာများသည်ဖြစ် ပျက်ရမည်။ သို့ရာတွင်ကပ်ကမ္ဘာကုန်ဆုံးချိန် ကားမရောက်သေး။-
Common Language Bible
In The King James Version
In Context
Cross References
Psalms 46:1ဘုရားသခင်သည်ငါတို့ခိုလှုံရာ၊ ငါတို့စွမ်းအားဖြစ်တော်မူ၏။ ဒုက္ခရောက်ချိန်၌ငါတို့အားကူမရန်အစဉ်ပင် အသင့်ရှိတော်မူ၏။
Isaiah 8:12``သင်သည်ထိုသူတို့နှင့်ကြံရာပါမဖြစ် စေနှင့်။ သူတို့ကြောက်လန့်သောအရာကို မကြောက်နှင့်၊-
Isaiah 26:3အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် စိတ်နှလုံးတည်ကြည်၍ ကိုယ်တော်ရှင်ကိုယုံကြည်ကိုးစားကြသူတို့ အား စစ်မှန်သောငြိမ်းချမ်းသာယာမှုကိုပေးတော် မူပါ၏။
Jeremiah 4:19ငါ့အသည်းနာလှ၏။ မခံမရပ်နိုင်အောင် အသည်းနာ၏။ ငါသည်ပြင်းစွာနှလုံးတုန်၊ရင်ခုန်လျက် နေပါသည်တကား။ ငါသည်အငြိမ်မနေနိုင်တော့ပြီ။ တံပိုးခရာမှုတ်သံကိုလည်းကောင်း၊တိုက်ပွဲ ကြွေးကြော်သံများကိုလည်းကောင်းငါကြား ရ၏။
Jeremiah 8:15ငါတို့သည်ငြိမ်းချမ်းမှုကိုမျှော်လင့်ကြ သော်လည်းအချည်းနှီးပင်ဖြစ်၏။ ကျန်းမာ မှုကိုမျှော်လင့်သော်လည်းကြောက်လန့်မှု သာလျှင်ရရှိကြ၏။-
Ezekiel 7:24ငါသည်အဆိုးညစ်ဆုံးသောလူမျိုးတို့အား ဤအရပ်သို့ခေါ်ဆောင်၍ သင်တို့၏နေအိမ် များကိုသိမ်းယူစေမည်။ ထိုသူတို့အားသင် တို့ကိုးကွယ်ဝတ်ပြုရာဌာနများကိုညစ် ညမ်းစေရန် ငါအခွင့်ပေးသောအခါခွန် အားကြီးသူတို့သည်အားလျော့စိတ်ပျက် ကြလိမ့်မည်။-