ရှင်မဿဲခရစ်ဝင် 25:45
ထိုအခါဘုရင်မင်းမြတ်က `အမှန်အကန် သင်တို့အားငါဆိုသည်ကား၊ သိမ်ငယ်သည့် ဤသူများအနက်ကတစ်စုံတစ်ယောက်သော သူကိုသင်တို့မပြုမစုဘဲနေခဲ့သမျှသည် ငါ့ကိုမပြုမစုဘဲနေခဲ့ခြင်းပင်မည်၏' ဟု မိန့်တော်မူလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Numbers 24:9ဣသရေလနိုင်ငံသည်ခွန်အားကြီးသော ခြင်္သေ့နှင့်တူ၏။ သူအိပ်နေသောအခါမည်သူမျှသူ့ကိုမနှိုးဝံ့။ ဣသရေလအမျိုးသားတို့ကိုကောင်းချီးပေး သော သူသည်ကောင်းချီးပေးခြင်းကိုခံရမည်။ ဣသရေလအမျိုးသားတို့ကိုကျိန်ဆဲသော သူသည် ကျိန်ဆဲခြင်းကိုခံရမည်။''
Proverbs 14:31ဆင်းရဲသားတို့ကို ညှဉ်းဆဲသောသူသည် ဖန် ဆင်းတော်မူသော ဘုရားကိုကဲ့ရဲ့၏။ ဘုရားကို ရိုသေ သောသူမူကား၊ ဆင်းရဲသောသူတို့ကို သနားတတ်၏။
Proverbs 21:13ဆင်းရဲသောသူ၏အော်ဟစ်သံကို မကြားလို၍၊ နားကိုပိတ်သော သူသည် ကိုယ်တိုင်အော်ဟစ်၍၊ အဘယ် သူမျှမကြားရ။
Matthew 25:40ထိုအခါဘုရင်မင်းမြတ်က `အမှန်အကန်သင် တို့အားငါဆိုသည်ကား၊ ဤငါ၏ညီများအနက် အသိမ်ငယ်ဆုံးဖြစ်သူတစ်စုံတစ်ယောက်အား သင်တို့ပြုစုခဲ့သမျှသည်ငါ့အားပြုစုခြင်း ပင်မည်၏' ဟုမိန့်တော်မူလိမ့်မည်။
Acts 9:5ရှောလုက ``အရှင်၊ အရှင်သည်မည်သူဖြစ် ပါသနည်း'' ဟုမေးလျှောက်၏။ ထိုအသံ က ``ငါကားသင်နှိပ်စက်ညှဉ်းဆဲနေသူ ယေရှုပင်တည်း။-
1 John 5:1သခင်ယေရှုသည်မေရှိယဖြစ်တော်မူကြောင်းကို ယုံကြည်သောသူသည် ဘုရားသခင်၏သားသမီး ဖြစ်၏။ ဖခင်ကိုချစ်သောသူသည်ထိုဖခင်၏သား ကိုလည်းချစ်တတ်၏။-