The Bible Software
bible.software › ရှင်မဿဲခရစ်ဝင် › ရှင်မဿဲခရစ်ဝင် 26 › ရှင်မဿဲခရစ်ဝင် 26:31

ရှင်မဿဲခရစ်ဝင် 26:31

ထို​နောက်​သ​ခင်​ယေ​ရှု​က ``ကျမ်း​စာ​တော်​တွင် `ဘု​ရား သ​ခင်​သည်​သိုး​ထိန်း​ကို​ရိုက်​သ​ဖြင့်​သိုး​တို့​သည် က​စဥ့်​က​ရဲ​ဖြစ်​ကြ​လိမ့်​မည်' ဟု​ပါ​ရှိ​သည်​နှင့် အ​ညီ​ယ​နေ့​ည​၌​ပင်​လျှင်​သင်​တို့​သည်​ငါ့​ကို စွန့်​ပစ်​၍​ပြေး​ကြ​လိမ့်​မည်။-

Common Language Bible

In The King James Version

Then saith Jesus unto them, All ye shall be offended because of me this night: for it is written, I will smite the shepherd, and the sheep of the flock shall be scattered abroad.

In Context

30ထို​နောက်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် ဋ္ဌမ္မ​သီ​ချင်း​ကို​ဆို​ပြီး​နောက်​သံ​လွင်​တောင်​သို့ ထွက်​သွား​ကြ​၏။

32သို့​ရာ​တွင်​ငါ​သည်​သေ​ခြင်း​မှ​ထ​မြောက် ပြီး​နောက်​သင်​တို့​အ​လျင်​ဂါ​လိ​လဲ​ပြည် သို့​သွား​နှင့်​မည်'' ဟု​တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​၏။

Read all of ရှင်မဿဲခရစ်ဝင် 26

Cross References

Job 6:15ငါ့ညီအစ်ကိုတို့သည် ချောင်းရေကဲ့သို့ လှည့်စား၍၊ ချိုင့်၌စီးသောရေကဲ့သို့ရွေ့သွား ကွယ်ပျောက် တတ်ကြ၏။

Psalms 38:11ကျွန်​တော်​မျိုး​၏​အ​နာ​များ​ကြောင့်​မိတ်​ဆွေ​များ​နှင့် အိမ်​နီး​ချင်း​များ​သည် ကျွန်​တော်​မျိုး​၏​အ​နီး​သို့​မ​ကပ်​ကြ​တော့​ပါ။ ကျွန်​တော်​မျိုး​၏​အိမ်​ထောင်​စု​သား​များ​ပင်​လျှင် ကျွန်​တော်​မျိုး​ထံ​သို့​မ​လာ​ကြ​ပါ။

Psalms 88:18အ​ရင်း​နှီး​ဆုံး​သော​မိတ်​ဆွေ​များ​အား​ပင် လျှင် ကျွန်​တော်​မျိုး​ကို​စွန့်​ပစ်​စေ​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​မှာ​မိတ်​ဆွေ​ဖွဲ့​ရန်​မှောင်​မိုက်​သာ​လျှင် ကျန်​ရှိ​ပါ​တော့​၏။

Lamentations 1:19``ငါ​သည်​မိ​မိ​မ​ဟာ​မိတ်​များ​ထံ​တွင်​အ​ကူ​အ​ညီ တောင်း​ခံ​ပါ​သော်​လည်း​သူ​တို့​က​ငြင်း​ဆန်​ခဲ့​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​ခေါင်း​ဆောင်​များ​သည် အ​သက်​ဆက်​လက်​ရှင်​သန်​နိုင်​ရေး​အ​တွက် အ​စား​အ​စာ​ရှာ​ဖွေ​လျက်​နေ​စဉ်​လမ်း​များ​ပေါ်​၌ သေ​ဆုံး​ရ​ကြ​ပါ​၏။''

Zechariah 13:7အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``အို ဋ္ဌား၊ နိုး​ထ​၍​ငါ​၏​အ​မှု​တော်​ထမ်း​သိုး​ထိန်း​ကို တိုက်​ခိုက်​လော့။ သူ့​အား​သတ်​ဖြတ်​လော့။ ထို အ​ခါ​သိုး​တို့​သည်​က​စင့်​က​ရဲ​ဖြစ်​၍​သွား လိမ့်​မည်။ ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​ကို တိုက်​ခိုက်​မည်​ဖြစ်​၍၊-

Matthew 24:9``ထို​နောက်​လူ​တို့​သည်​သင်​တို့​အား​အ​ပြစ်​ဒဏ် ခံ​ရ​ကြ​စေ​ရန်​နှင့်​အ​သတ်​ခံ​ရ​ကြ​စေ​ရန် အာ​ဏာ​ပိုင်​တို့​ထံ​သို့​ပေး​အပ်​ကြ​လိမ့်​မည်။ လူ​ခပ်​သိမ်း​တို့​သည်​ငါ​၏​နာ​မ​ကြောင့်​သင် တို့​ကို​မုန်း​ကြ​လိမ့်​မည်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ရှင်မဿဲခရစ်ဝင် 26:31

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesThe Fourfold GospelJohn LightfootGeneva Bible Notes (1599)Robertson's Word Pictures
← ရှင်မဿဲခရစ်ဝင် 26:30ရှင်မဿဲခရစ်ဝင် 26ရှင်မဿဲခရစ်ဝင် 26:32 →