ရှင်မဿဲခရစ်ဝင် 26:63
သို့ရာတွင်သခင်ယေရှုသည်ဆိတ်ဆိတ်နေတော် မူ၏။ ယဇ်ပုရောဟိတ်မင်းက ``သင်သည်ဘုရား သခင်၏သားတော်မေရှိယလော။ ငါ့အားဖြေ ကြားလော့။ အသက်ရှင်တော်မူသောဘုရား သခင်ကိုတိုင်တည်၍သင့်အားငါမေး၏'' ဟု ဆို၏။
Common Language Bible
In The King James Version
In Context
Cross References
Leviticus 5:1အောက်ဖော်ပြပါကူးလွန်မူများအတွက် အပြစ်ဖြေရာယဇ်ပူဇော်ရန်လိုအပ်သည်။ တစ် စုံတစ်ယောက်သောသူအားတရားရုံးမှသက် သေခံရန်ဆင့်ခေါ်သည့်အခါ သူသည်မိမိ မြင်ရကြားရသည့်အတိုင်းထုတ်ဖော်ပြောဆို ခြင်းမပြုလျှင် အပြစ်ကူးလွန်ရာရောက်သည်။
1 Samuel 14:24ရှောလုက``ယနေ့ရန်သူတို့အားငါလက်စား မချေရမီ အစားအစာစားသောက်သူသည် ကျိန်စာသင့်ပါစေသတည်း'' ဟုကျိန်ဆိုထား သဖြင့်ထိုနေ့၌ဣသရေလအမျိုးသားတို့ သည် ဆာလောင်မွတ်သိပ်ကာနွမ်းနယ်လျက်ရှိ ကြ၏။ တစ်နေ့လုံးအဘယ်သူမျှအစား အစာမစားရကြ။-
1 Samuel 14:28ထို့ကြောင့်တပ်သားတစ်ယောက်က``အကျွန်ုပ် တို့အားလုံးပင်နွမ်းနယ်လျက်နေကြပါ၏။ သို့သော်အရှင့်ခမည်းတော်က`ယနေ့အစား အစာစားသူသည်ကျိန်စာသင့်ပါစေ' ဟု ကျိန်ဆိုထားပါ၏'' ဟုဆို၏။
2 Chronicles 18:15သို့ရာတွင်အာဟပ်က``ထာဝရဘုရား၏နာမ တော်ကိုအမှီပြု၍ဟောရာတွင်ဟုတ်မှန်သည် ကိုသာဟောရန်သင့်အားငါဘယ်နှစ်ကြိမ် သတိပေးရပါမည်နည်း'' ဟုဆို၏။
Psalms 38:12ကျွန်တော်မျိုးအားသတ်ဖြတ်လိုသူတို့သည် ကျော့ကွင်းများကိုထောင်ကြပါ၏။ ကျွန်တော်မျိုးအားဥပဒ်ပြုလိုသူတို့သည် ခြိမ်းခြောက်ပြောဆိုကြပါ၏။ သူတို့သည်ကျွန်တော်မျိုးအားလုပ်ကြံရန် အစဉ်မပြတ်ကြံစည်လျက်နေကြပါ၏။
Isaiah 9:6ငါတို့အဖို့သူငယ်ကိုဖွားမြင်၏။ ငါတို့အားသားကိုပေးသနားတော်မူပါ၏။ သူသည်ငါတို့ကိုအုပ်စိုးလိမ့်မည်။ ``သူ၏နာမတော်ကိုအံ့သြဖွယ်၊'' ``တိုင်ပင်ဘက်'' ``တန်ခိုးကြီးသောဘုရား'' ``ထာဝရအဖ'' ``ငြိမ်းချမ်းရေးအရှင်'' ဟူ၍နာမည်တွင် လိမ့်မည်။