ရှင်မဿဲခရစ်ဝင် 26:8
ထိုအခြင်းအရာကိုတပည့်တော်တို့မြင်လျှင် အမျက်ထွက်၍ ``အဘယ်ကြောင့်ဤသို့ဖြုန်းတီး ပါသနည်း။-
Common Language Bible
In The King James Version
But when his disciples saw it, they had indignation, saying, To what purpose is this waste?
In Context
Cross References
Exodus 5:17ထိုအခါဖာရောဘုရင်က``သင်တို့သည်ပျင်း၏။ အလွန်ပျင်းသောကြောင့်သင်တို့က`အကျွန်ုပ်တို့ ၏ထာဝရဘုရားအားယဇ်ပူဇော်ရန်သွားပါ ရစေ' ဟုတောင်းလျှောက်ကြ၏။-
Ecclesiastes 4:4တဖန် ကြိုးစားအားထုတ်ခြင်းအမှုနှင့်၊ ကောင်း မွန်စွာ ပြီးစီးသောအမှု အလုံးစုံတို့ကို၎င်း၊ ထိုသို့သော အမှုတို့ကြောင့် သူတပါး ငြူစူကြောင်းကို၎င်း ငါဆင်ခြင် ၏။ ထိုအမှုအရာသည် အနတ္တအမှု၊ လေကို ကျက်စား သောအမှုဖြစ်၏။
Haggai 1:2အနန္တတန်ခိုးရှင်ထာဝရဘုရားကဟ္ဂဲအား``ဤ အချိန်အခါသည် ဗိမာန်တော်ကိုပြန်လည် တည်ဆောက်သင့်သည့်အချိန်အခါမဟုတ် ဟု ဤသူတို့ပြောဆိုကြပေသည်။-''
Malachi 1:13သင်တို့က`ဤအမှုများပြုရသည်ကိုငါ တို့ငြီးငွေ့လှပါပြီ' ဟုဆိုကာနှာခေါင်း ရှုတ်၍ငါ့အားမလေးမခန့်ပြုကြ၏။ သင် တို့သည်မိမိတို့ခိုးယူရရှိသည့်ယဇ်ကောင် ကိုသော်လည်းကောင်း၊ ခြေကျိုးသို့မဟုတ် ဖျားနာသည့်ယဇ်ကောင်ကိုသော်လည်းကောင်း ငါ၏အတွက်ပူဇော်သကာအဖြစ်နှင့်ယူ ဆောင်ခဲ့ကြ၏။ ငါသည်ဤပူဇော်သကာ များကိုလက်ခံလိမ့်မည်ဟုသင်တို့ထင် မှတ်ကြပါသလော။-''
John 12:4တပည့်တော်တစ်ဦးဖြစ်သူယုဒရှကာရုတ် က ``ဤဆီမွှေးကိုအဘယ်ကြောင့်ဒေနာရိ သုံးရာဖြင့်ရောင်း၍ ဆင်းရဲသူတို့အားမစွန့် မကြဲပါသနည်း'' ဟုဆို၏။ သူသည်နောင် အခါကိုယ်တော်အားရန်သူ့လက်သို့အပ်နှံ မည့်သူဖြစ်သတည်း။-