ရှင်မဿဲခရစ်ဝင် 27:22
ပိလတ်မင်းက ``သို့ဖြစ်လျှင်ခရစ်တော်ဆိုသူ ကိုငါအဘယ်သို့ပြုရမည်နည်း'' ဟုမေး၏။ ထိုသူအပေါင်းတို့က ``သူ့အားလက်ဝါးကပ် တိုင်တွင်တင်၍သတ်ပါ'' ဟုဆိုကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Psalms 22:8သူတို့က``သင်သည်ထာဝရဘုရားကိုအားကိုး ဘိ၏။ ကိုယ်တော်သည်သင့်ကိုအဘယ်ကြောင့် မကယ်ပါသနည်း။ ထာဝရဘုရားသည်သင့်ကို နှစ်သက်မြတ်နိုးတော်မူလျှင် အဘယ်ကြောင့်သင့်အားကယ်မတော် မမူ ပါသနည်း'' ဟုဆိုကြ၏။
Isaiah 53:2ထာဝရဘုရားသည်မိမိ၏အစေခံအား သွေ့ခြောက်သည့်မြေတွင်အမြစ်စွဲသည့် အပင်ငယ်ကဲ့သို့ရှင်သန်စေရန်အလိုတော် ရှိပါ၏။ ထိုသူ၌ပမာဏပြုလောက်သည့်ဂုဏ်အသရေနှင့် အဆင်းသဏ္ဌာန်လည်းမရှိ။ ချစ်ခင်နှစ်လိုဖွယ်ကောင်းသည့်ရုပ်ရည်လည်းမရှိ။ မိမိဘက်သို့ပါအောင်ဆွဲဆောင်နိုင်စွမ်းလည်းမရှိ။
Matthew 1:16ယာကုပ်၏သားသည်မာရိ၏ခင်ပွန်းဖြစ်သူယောသပ် ဖြစ်၏။ မာရိကားမေရှိယဟုခေါ်ဝေါ်သမုတ်ခြင်း ခံရသောသခင်ယေရှု၏မယ်တော်တည်း။
Mark 14:55ယဇ်ပုရောဟိတ်ကြီးများနှင့်တကွ ယုဒ တရားလွှတ်တော်အဖွဲ့ဝင်အပေါင်းတို့သည် သခင်ယေရှုအားသေဒဏ်ပေးနိုင်ရန်သက်သေ ကိုရှာသော်လည်းမတွေ့ကြ။-
Luke 23:20ပိလတ်မင်းသည်သခင်ယေရှုအားလွတ်ငြိမ်း ချမ်းသာခွင့်ပေးလို၍လူတို့အားတစ်ဖန် တင်ပြ၏။-
Acts 13:38ညီအစ်ကိုတို့၊ ထိုအရှင်ကိုအမှီပြု၍အပြစ် ပြေလွှတ်ခြင်းအကြောင်းကို သင်တို့အားငါ ပြောကြားလျက်ရှိသည်ကိုလည်းကောင်း၊ ထို အရှင်ကိုယုံကြည်သူအပေါင်းတို့သည် မောရှေ၏ပညတ်တရားက မဖြေမလွှတ် နိုင်သည့်အပြစ်ဟူသမျှမှပြေလွတ်နိုင် ကြောင်းကိုလည်းကောင်းသိမှတ်ကြလော့။-