ရှင်မဿဲခရစ်ဝင် 27:29
ထိုနောက်ဆူးခက်ဖြင့်ရက်သည့်သရဖူကိုဆောင်း ပေးကြ၏။ ကူရိုးတစ်ချောင်းကိုလက်ယာလက်တော် တွင်ထည့်ပေးကြ၏။ ထိုနောက်ရှေ့တော်တွင်ဒူးထောက် လျက် ``ယုဒဘုရင်၊ သက်တော်ရှည်ပါစေသော'' ဟု ပြက်ရယ်ပြုကြ၏။-
Common Language Bible
In The King James Version
In Context
28စစ်သားများသည်ကိုယ်တော်အားအဝတ်တော် ကိုချွတ်၍ကမ္ဗလာနီဝတ်လုံကိုခြုံပေးကြ၏။-
30သူတို့သည်ကိုယ်တော်ကိုတံတွေးနှင့်ထွေးကြ၏။ ကူရိုးကိုယူ၍ခေါင်းတော်ကိုရိုက်ကြ၏။-
Cross References
Psalms 69:7ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အတွက် စော်ကားခြင်းကိုခံရပါ၏။ အလွန်အရှက်ကွဲရပါ၏။
Isaiah 49:7လူမျိုးတကာတို့၏ရွံရှာမုန်းတီးခြင်းကို များစွာခံရ၍၊ မင်းဆိုးမင်းညစ်တို့၏အစေခံဖြစ်သူအား၊ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ် သည့် ဘုရားသခင်၊ကယ်တင်ရှင်က၊ ``ပြည်ရှင်မင်းတို့သည်သင့်အားလွတ်မြောက် စေပြီးလျှင် ထ၍အရိုအသေပေးကြလိမ့်မည်။ မင်းညီမင်းသားများသည်လည်းသင့်ကိုမြင်၍၊ ဦးညွှတ်ပျပ်ဝပ်ကာအလေးပြုကြလိမ့်မည်။'' အဘယ်ကြောင့်ဆိုသော်၊ကတိတည်တော်မူသော ထာဝရဘုရားတည်းဟူသော၊ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ် တော်မူသောဘုရားသခင်သည်၊ သင့်ကိုရွေးချယ်ခန့်ထားတော်မူပြီ ဖြစ်သောကြောင့်တည်းဟုမိန့်တော်မူပါ၏။
Jeremiah 20:7အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးအားလှည့်စားတော်မူသဖြင့်၊ ကျွန်တော်မျိုးသည်အလှည့်စားခံရပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးထက် ခွန်အားကြီးတော်မူသည်ဖြစ်၍၊ ကျွန်တော်မျိုးကိုအနိုင်ရတော်မူပါ၏။ လူတိုင်းပင်ကျွန်တော်မျိုးကိုပြောင်လှောင်ကြ ပါပြီ။ သူတို့သည်ကျွန်တော်မျိုးအား တစ်နေကုန်တစ်နေခန်းပြက်ရယ်ပြုကြပါ၏။
Matthew 26:49ယုဒသည်ချက်ချင်းပင်ကိုယ်တော်၏ထံသို့ချဉ်းကပ် ကာ ``အရှင်ဘုရား၊ မင်္ဂလာရှိပါစေသော'' ဟုဆို ၍ကိုယ်တော်ကိုနမ်းလေ၏။
Mark 15:18``ယုဒရှင်ဘုရင်သက်တော်ရှည်ပါစေသော'' ဟုပြက်ရယ်ပြုလျက်အရိုအသေပေးကြ၏။-
John 19:2စစ်သားများသည်ဆူးခက်ဖြင့်ရက်သောဦးရစ် သရဖူကိုပြုလုပ်၍ ဦးခေါင်းတော်ကိုဆောင်း ပေးကြ၏။ ထိုနောက်နီမောင်းသောဝတ်လုံကို ကိုယ်တော်အားဝတ်ပေးပြီးလျှင်၊-