The Bible Software
bible.software › ရှင်မဿဲခရစ်ဝင် › ရှင်မဿဲခရစ်ဝင် 27 › ရှင်မဿဲခရစ်ဝင် 27:43

ရှင်မဿဲခရစ်ဝင် 27:43

သူ​သည်​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ကိုး​စား​၏။ `ငါ သည်​ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​သည်' ဟု​ဆို​၏။ သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သူ့​ကို​အ​လို​တော် ရှိ​လျှင် ယ​ခု​ပင်​ကယ်​တင်​တော်​မူ​ပါ​စေ'' ဟု​ဆို ကြ​၏။

Common Language Bible

In The King James Version

He trusted in God; let him deliver him now, if he will have him: for he said, I am the Son of God.

In Context

42``ဤ​သူ​သည်​သူ​တစ်​ပါး​ကို​ကယ်​တင်​၏။ မိ​မိ ကိုယ်​ကို​မူ​မ​ကယ်​တင်​နိုင်​ပါ​တ​ကား။ သူ​သည် ဣသ​ရေ​လ​ရှင်​ဘု​ရင်​မ​ဟုတ်​ပါ​လော။ လက်​ဝါး ကပ်​တိုင်​မှ​ယ​ခု​ဆင်း​လာ​လျှင်​ငါ​တို့​သူ့​ကို ယုံ​ကြည်​ကြ​ပေ​အံ့။-

44ကိုယ်​တော်​နှင့်​အ​တူ​လက်​ဝါး​ကပ်​တိုင်​တွင်​အ​တင် ခံ​ရ​သူ​ဋ္ဌား​ပြ​များ​က​ပင်​လျှင် ထို​နည်း​တူ​ကိုယ် တော်​ကို​ပြောင်​လှောင်​ကြ​၏။

Read all of ရှင်မဿဲခရစ်ဝင် 27

Cross References

Psalms 14:6သူ​ယုတ်​မာ​တို့​သည်​နှိမ့်​ချ​သူ​၏​အ​ကြံ အ​စည်​ကို ပျက်​စေ​တတ်​ကြ​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​သည်​သူ​၏​အ​ကွယ်​အ​ကာ ဖြစ်​တော်​မူ​၏။

Psalms 42:10ငါ့​ရန်​သူ​များ​က``သင်​၏​ဘု​ရား​သည် အ​ဘယ်​မှာ​နည်း''ဟု​ငါ့​အား​အ​ဖန်​တ​လဲ​လဲ မေး​မြန်း​သ​ဖြင့် သူ​တို့​၏​စော်​ကား​မှု​ကြောင့်​ငါ​သည်​အ​လွန်​ပင် စိတ်​ပျက်​အား​လျော့​ရ​ပါ​၏။

Isaiah 36:15ထာ​ဝ​ရ​ဘု​ရား​အား၊ အား​ကိုး​ရန်​သူ​သွေး ဆောင်​တိုက်​တွန်း​သော်​လည်း သင်​တို့​ခွင့်​မ​ပြု ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား ကယ်​တော်​မူ​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း၊ ငါ​တို့​အာ​ရှု​ရိ​တပ်​မ​တော်​အား သင်​တို့ ၏​မြို့​ကို​သိမ်း​ယူ​ခွင့်​ပေး​တော်​မူ​လိမ့်​မည် မ​ဟုတ်​ဟူ​၍​လည်း​ကောင်း မ​ထင်​မှတ်​ကြ​နှင့်။-

Isaiah 37:10ထို​သ​တင်း​ကို​ကြား​သော​အ​ခါ​ဧ​က​ရာဇ် မင်း​သည်​ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ​ထံ​သို့​သ​ဝဏ် လွှာ​တစ်​စောင်​ရေး​၍​ပေး​ပို့​လိုက်​လေ​သည်။ ထို သ​ဝဏ်​လွှာ​တွင်``သင်​ကိုး​စား​သည့်​ဘု​ရား​သ​ခင်​က သင်​သည်​ငါ​၏​လက်​တွင်း​သို့​ကျ ရောက်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု မိန့်​တော်​မူ​သော စ​ကား​ကြောင့်​အ​ထင်​အ​မြင်​မ​မှား​ပါ လေ​နှင့်။-

John 3:16ဘု​ရား​သ​ခင်​သည်​လော​က​သား​တို့​ကို​လွန်​စွာ ချစ်​တော်​မူ​သ​ဖြင့် သား​တော်​အား​ယုံ​ကြည်​သူ အ​ပေါင်း​တို့​သည်​ပျက်​စီး​ဆုံး​ပါး​ခြင်း​မ​ရှိ ဘဲ ထာ​ဝ​ရ​အ​သက်​ကို​ရ​စေ​ခြင်း​ငှာ မိ​မိ ၏​တစ်​ပါး​တည်း​သော​သား​တော်​ကို​စွန့်​တော် မူ​၏။-

John 10:30ခ​မည်း​တော်​နှင့်​ငါ​သည်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ရှင်မဿဲခရစ်ဝင် 27:43

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesThe Fourfold GospelJohn LightfootGeneva Bible Notes (1599)Robertson's Word Pictures
← ရှင်မဿဲခရစ်ဝင် 27:42ရှင်မဿဲခရစ်ဝင် 27ရှင်မဿဲခရစ်ဝင် 27:44 →