ရှင်မဿဲခရစ်ဝင် 27:56
ထိုသူတို့အထဲတွင်မာဂဒလမြို့သူမာရိ၊ ယာကုပ်နှင့်ယောသပ်တို့၏အမိဖြစ်သူမာရိ နှင့်ဇေဗေဒဲ၏သားများ၏အမိတို့ပါကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Matthew 13:55သူသည်လက်သမားဆရာ၏သားမဟုတ်လော။ သူ့ အမိသည်မာရိနာမည်ရှိသူမဟုတ်ပါလော။ သူ့ ညီများကားယာကုပ်၊ ယောသပ်၊ ရှိမုန်နှင့်ယုဒတို့ မဟုတ်ပါလော။-
Matthew 27:61သင်္ချိုင်းရှေ့တွင်မာဂဒလမြို့သူမာရိနှင့်အခြား မာရိတို့သည်ထိုင်လျက်ရှိနေကြ၏။
Mark 15:40အမျိုးသမီးအချို့တို့သည်အဝေးကရပ် လျက်ကြည့်နေကြ၏။ ထိုသူတို့အထဲတွင် မာဂဒလရွာသူမာရိ၊ ယာကုပ်ငယ်နှင့် ယောသေတို့၏အမိဖြစ်သူမာရိနှင့်ရှာလုံ တို့ပါ၏။-
Mark 16:9[တနင်္ဂနွေနေ့နံနက်စောစောအချိန်၌ကိုယ်တော် သည်သြေခင်းမှထမြောက်တော်မူပြီးနောက် ဦးစွာ မာဂဒလရွာသူမာရိအားကိုယ်ထင်ပြတော်မူ၏။ မာဂဒလရွာသူမာရိထံမှနတ်မိစ္ဆာခုနစ်ဦးကို ကိုယ်တော်နှင်ထုတ်ပေးခဲ့၏။-
John 19:25ထိုအခါကိုယ်တော်၏မယ်တော်နှင့်မယ်တော် ၏ညီမသည်လည်းကောင်း၊ ကလောဖ၏ဇနီး ဖြစ်သူမာရိနှင့်မာဂဒလမြို့သူမာရိ သည်လည်းကောင်း သခင်ယေရှု၏လက်ဝါး ကပ်တိုင်အနီးတွင်ရပ်လျက်နေကြ၏။-
John 20:18သို့ဖြစ်၍မာဂဒလမြို့သူမာရိသည်တပည့် တော်တို့ထံသွား၍သခင်ဘုရားကိုမိမိတွေ့ မြင်ခဲ့ကြောင်းနှင့်ကိုယ်တော်မည်သို့မိန့်ကြား တော်မူလိုက်ကြောင်းကိုပြောပြ၏။