ရှင်မဿဲခရစ်ဝင် 4:5
ထိုအခါမာရ်နတ်သည်ကိုယ်တော်ကိုသန့်ရှင်း မြင့်မြတ်သောမြို့တော်ရှိဗိမာန်တော်ထိပ်ဖျား သို့ခေါ်ဆောင်သွားပြီးလျှင်၊
Common Language Bible
In The King James Version
Then the devil taketh him up into the holy city, and setteth him on a pinnacle of the temple,
In Context
Cross References
2 Chronicles 3:4ဗိမာန်တော်မုခ်ဦးဆောင်အနံသည်ဗိမာန် တော်၏အနံအတိုင်းပေသုံးဆယ်ရှိ၍ အမြင့် ပေတစ်ရာ့ရှစ်ဆယ်ရှိလေသည်။ ထိုမုခ်ဦး ဆောင်အတွင်းပိုင်းကိုရွှေစင်ဖြင့်မွမ်းမံ ထား၏။-
Nehemiah 11:18လေဝိအနွယ်ဝင်စုစုပေါင်းနှစ်ရာရှစ်ဆယ် လေးယောက်တို့သည်သန့်ရှင်းသောယေရု ရှလင်မြို့တော်တွင်နေထိုင်ကြလေသည်။
Isaiah 52:1ဇိအုန်မြို့၊သင်သည်တစ်ဖန်ပြန်လည်ကြံ့ခိုင် ခမ်းနားကြီးကျယ်၍လာလော့။ အို ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်သည့်မြို့တော်၊ သင်၏ကိုယ်ကိုဘုန်းအသရေနှင့်လွှမ်းခြုံပါလော့။ တိုင်းတစ်ပါးသားတို့သည် နောက်တစ်ဖန်အဘယ်အခါ၌မျှသင်၏ တံခါးထဲ၌ဝင်ရကြတော့မည်မဟုတ်။
Daniel 9:24``ခုနစ်ဆယ်ခုနစ်လီနှစ်ကာလသည်ကား သင်၏အမျိုးသားများနှင့် သင်၏သန့်ရှင်း မြင့်မြတ်သောမြို့တော်အား အပြစ်ဒုစရိုက် နှင့်မကောင်းမှုများမှလွတ်မြောက်စေရန် ဘုရားသခင်သတ်မှတ်ပေးတော်မူသည့် အချိန်ကာလဖြစ်၏။ ရူပါရုံနှင့်ဗျာဒိတ် တော်အကောင်အထည်ပေါ်လာစေရန်နှင့် အသန့်ရှင်းဆုံးဗိမာန်တော်ကိုပြန်လည် ဆက်ကပ်နိုင်ရေးအတွက် ဘုရားသခင် သည်ထိုသူတို့၏အပြစ်များကိုဖြေ လွှတ်တော်မူ၍ ထာဝစဉ်တရားမျှတ မှုစိုးမိုးရာခေတ်ကိုတည်ထောင်တော် မူလိမ့်မည်။-
Luke 4:9မာရ်နတ်သည်သခင်ယေရှုကိုယေရုရှလင်မြို့သို့ ခေါ်ဆောင်၍သွားပြီးလျှင် ဗိမာန်တော်ထိပ်ဖျားတွင် နေစေပြီးလျှင် ``ကိုယ်တော်သည်ဘုရားသခင်၏ သားတော်ဖြစ်လျှင်ဤနေရာမှအောက်သို့ခုန်ချ ပါလော့။-
Revelation 11:2ဗိမာန်တော်အြုပင်တံတိုင်းကိုမတိုင်းနှင့်၊ အဘယ်ကြောင့်ဆိုသော်ထိုအရာကိုလူမျိုး ခြားတို့အားပေးအပ်ထားသောကြောင့်ဖြစ် ၏။ သူတို့သည်သန့်ရှင်းမြင့်မြတ်သောမြို့ တော်ကိုလေးဆယ်နှစ်လတိုင်တိုင်ခြေဖြင့် နင်းကြလိမ့်မည်။-