ရှင်မဿဲခရစ်ဝင် 5:25
``တစ်စုံတစ်ယောက်သည်ရုံးတော်တွင်သင့်အား တရားစွဲလျှင်သူနှင့်အတူလမ်းခရီး၌ရှိနေ စဉ်သူနှင့်လျင်မြန်စွာပြန်လည်သင့်မြတ်အောင်ပြု လော့။ သို့မပြုပါမူသူသည်သင့်အားတရား သူကြီး၏လက်သို့အပ်၍ တရားသူကြီးသည် လည်းထောင်မှူးလက်သို့အပ်ပြီးလျှင်သင့်ကို ထောင်ချထားလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 32:13ယာကုပ်သည်ထိုအရပ်တွင်တစ်ညတည်းခို ပြီးနောက် အစ်ကိုဧသောအားလက်ဆောင်ပေး ရန် မိမိ၏တိရစ္ဆာန်အုပ်ထဲမှဆိတ်မနှစ်ရာ နှင့်ဆိတ်ထီးနှစ်ဆယ်၊ သိုးမနှစ်ရာနှင့်သိုး ထီးနှစ်ဆယ်၊ နို့စားကုလားအုတ်မသုံးဆယ် နှင့်သားကောင်ငယ်များ၊ နွားမလေးဆယ်နှင့် နွားထီးဆယ်ကောင်၊ မြည်းမနှစ်ဆယ်နှင့် မြည်းထီးဆယ်ကောင်တို့ကိုရွေးယူလေ၏။-
1 Samuel 25:17ဤအမှုကိုဆင်ခြင်စဉ်းစား၍အဘယ်သို့ ပြုသင့်သည်ကိုဆုံးဖြတ်ပါလော့။ ဤကိစ္စ သည်ကျွန်တော်တို့၏သခင်နှင့်အိမ်ထောင်စု တစ်ခုလုံးကိုဘေးဥပဒ်ပေးနိုင်ပါသည်။ ကျွန်တော်တို့၏သခင်သည်စိတ်သဘော ထားသေးသိမ်သူဖြစ်၍ အဘယ်သူ၏ စကားကိုမျှနားထောင်လိမ့်မည်မဟုတ် ပါ'' ဟုဆို၏။
Job 22:21ဘုရားသခင်နှင့် အကျွမ်းဝင်၍ မိဿဟာယဖွဲ့လော့။ ထိုသို့ပြုမှ ကောင်းစားခြင်းသို့ ရောက်ရလိမ့်မည်။
Proverbs 6:1ငါ့သား၊ သင်သည် အဆွေခင်ပွန်းအတွက် အာမခံမိသော်၎င်း၊ သူတပါးနှင့်လက်ဝါးချင်း ရိုက်မိ သော်၎င်း၊
Isaiah 55:6ထာဝရဘုရားသည်ယခုသင်တို့အနီးတွင် ရှိတော်မူပြီဖြစ်၍၊ အထံတော်သို့လှည့်၍ဆုတောင်းပတ္ထနာပြု ကြလော့။
Luke 13:24ကိုယ်တော်က ``သင်တို့သည်ကျဉ်းမြောင်းသော တံခါးပေါက်ကိုဝင်ရန်ကြိုးစားအားထုတ်ကြ လော့။ လူအများပင်ထိုတံခါးပေါက်ကိုဝင်ရန် ကြိုးစားကြလိမ့်မည်။ သို့သော်ဝင်နိုင်စွမ်းရှိကြ လိမ့်မည်မဟုတ်ဟုသင်တို့အားငါဆို၏။-