ရှင်မဿဲခရစ်ဝင် 5:3
``စိတ်နှလုံးနှိမ့်ချသောသူတို့သည်မင်္ဂလာ ရှိကြ၏။ ကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံ ဖြစ်၏။
Common Language Bible
In The King James Version
Blessed are the poor in spirit: for theirs is the kingdom of heaven.
In Context
2ထိုအခါကိုယ်တော်သည်သူတို့အားအောက် ပါအတိုင်းဟောပြောသွန်သင်တော်မူ၏။
Cross References
Leviticus 26:41ငါသည်အမျက်ထွက်၍သူတို့ကိုပြည်နှင်ဒဏ် ပေးခဲ့၏။ နောက်ဆုံး၌သင်တို့၏အဆက်အနွယ် များသည်မာန်စွယ်ကျိုး၍ မိမိတို့၏အပြစ် နှင့်ပုန်ကန်မှုအတွက်အပြစ်ဒဏ်ကိုခံရ ပြီးသောအခါ၊-
2 Chronicles 7:14သူတို့သည်ငါ့ထံသို့ ဆုတောင်းပတ္ထနာပြု ကာနောင်တရ၍မိမိတို့၏ဒုစရိုက်လမ်း ကိုရှောင်ကြဉ်ကြလျှင် ငါသည်ကောင်းကင်ဘုံ မှသူတို့၏ဆုတောင်းပတ္ထနာကိုနားညောင်း မည်။ သူတို့၏အပြစ်များကိုဖြေလွှတ်၍ သူတို့၏ပြည်ကိုတစ်ဖန်ပြန်လည်ဝပြော သာယာလာစေမည်။-
2 Chronicles 33:19မင်းကြီး၏ဆုတောင်းပတ္ထနာနှင့်ထာဝရဘုရား နားညောင်းတော်မူပုံ၊ သူကူးလွန်သည့်အပြစ် ဒုစရိုက်များနှင့်မကောင်းမှုများ၊ သူတည် ဆောက်ခဲ့သည့်ရုပ်တုကိုးကွယ်ရာဌာနများ နှင့်တည်လုပ်ခဲ့သည့် အာရှရဘုရားမ၏ တံခွန်တိုင်များနှင့်သူဝတ်ပြုကိုးကွယ်သည့် ရုပ်တုများအကြောင်းကို ပရောဖက်များ ၏အတ္ထုပ္ပတ္တိတွင်အကုန်အစင်မှတ်တမ်း တင်ထားသတည်း။-
2 Chronicles 34:27ယေရုရှလင်မြို့သူမြို့သားတို့အားအပြစ် ဒဏ်ခတ်ရန် ငါကြုံးဝါးသည်ကိုကြားသိရ သောအခါ သင်သည်ငိုယိုကာမိမိ၏အဝတ် များကိုဆုတ်ပြီးလျှင်နောင်တရလျက်ငါ၏ ရှေ့တော်တွင်စိတ်နှလုံးနှိမ့်ချလျက်နေ၏။ သို့ရာတွင်ငါသည်သင်၏ဆုတောင်းပတ္ထနာ ကိုကြားတော်မူပြီဖြစ်၍၊-
Psalms 1:1သူယုတ်မာတို့၏အကြံဉာဏ်ကိုလက်မခံ၊ အပြစ်ကူးသူတို့၏စံနမူနာကိုမလိုက်၊ ထာဝရဘုရားကိုပစ်ပယ်သူတို့နှင့်လည်း မပေါင်းမဖော်သောသူတို့သည်မင်္ဂလာရှိကြ၏။
Psalms 32:1မိမိ၏အပြစ်များမှဖြေလွှတ်ခြင်းခံရ၍ ကူးလွန်မှုများအတွက်လွတ်ငြိမ်းချမ်းသာခွင့် ရသောသူသည်မင်္ဂလာရှိ၏။