ရှင်မဿဲခရစ်ဝင် 5:47
ထိုမှတစ်ပါးလည်းသင်တို့သည်ညီအစ်ကိုအချင်း ချင်းနှင့်သာလျှင်နှုတ်ဆက်ကြမည်ဆိုပါက သင်တို့ ၏အပြုအမူသည်အဘယ်သို့ထူးခြားမှုရှိနိုင် ပါမည်နည်း။ ဘုရားသခင်ကိုမသိသောသူများ ပင်လျှင်ဤသို့ပြုကြသည်။-
Common Language Bible
In The King James Version
And if ye salute your brethren only, what do ye more than others? do not even the publicans so?
In Context
Cross References
Matthew 5:20ဘုရားသခင်၏အလိုတော်ကိုလိုက်လျှောက်ကျင့် သုံးရာတွင် သင်တို့သည်ဖာရိရှဲနှင့်ကျမ်းတတ် ဆရာတို့ထက်မသာလျှင် ကောင်းကင်နိုင်ငံတော် သို့ဝင်ရလိမ့်မည်မဟုတ်ဟုငါဆို၏။
Luke 6:32``မိမိတို့အားချစ်သူများကိုသာချစ်တုံ့ပြန် ပါမူ အဘယ်သို့လျှင်ကောင်းချီးမင်္ဂလာကို သင်တို့ခံစားနိုင်မည်နည်း။ အပြစ်ကူးသူ များပင်လျှင်မိမိတို့အားချစ်သူတို့ကိုချစ် ကြ၏။-
1 Peter 2:20သင်တို့သည်မိမိတို့ပြုမိသည့်အမှားများ အတွက်ခံထိုက်သောအပြစ်များကိုမညည်း မညူဘဲခံကြပါမူ သင်တို့အားအဘယ်သို့ လျှင်ချီးမွမ်းစရာရှိမည်နည်း။ သို့ရာတွင် အမှန်ကိုပြုလျက်ဒုက္ခဆင်းရဲကိုခံရသော အခါ မညည်းမညူဘဲခံကြလျှင်မူကား ဘုရားသခင်သည်သင်တို့အားကောင်းချီး ပေးတော်မူလိမ့်မည်။-