ရှင်မဿဲခရစ်ဝင် 6:20
သံချေးပိုးရွမဖျက်မဆီး၊ သူခိုးဋ္ဌားပြမထွင်း မဖောက်မခိုးမယူနိုင်သောဘဏ္ဍာကိုကောင်းကင်ဘုံ ၌စုဆောင်းကြလော့။-
Common Language Bible
In The King James Version
In Context
21အဘယ်ကြောင့်ဆိုသော်သင်တို့၏ဘဏ္ဍာရှိရာသို့ သင်တို့၏စိတ်ရောက်တတ်သောကြောင့်ဖြစ်၏။
Cross References
Matthew 19:21သခင်ယေရှုက ``သင်သည်အပြစ်ဆိုဖွယ်မရှိသူ ဖြစ်လိုလျှင်သွားလော့၊ သင့်ဥစ္စာရှိသမျှကိုရောင်းပြီး လျှင်ဆင်းရဲသူတို့အားပေးကမ်းစွန့်ကြဲလော့။ ဤ သို့ပြုလျှင်သင်သည်ကောင်းကင်ဘုံတွင်ဘဏ္ဍာကိုရ လိမ့်မည်။ ထိုသို့စွန့်ကြဲပြီးမှငါ့နောက်သို့လိုက် လော့'' ဟုမိန့်တော်မူ၏။
Luke 18:22ထိုစကားကိုကြားတော်မူလျှင်သခင်ယေရှု က ``သင်သည်ပြုလုပ်ရန်တစ်ခုလိုသေး၏။ သင့် ဥစ္စာရှိသမျှကိုရောင်း၍ဆင်းရဲသူတို့အား ပေးကမ်းစွန့်ကြဲလော့။ ဤသို့ပြုလျှင်သင်သည် ကောင်းကင်ဘုံတွင်ဘဏ္ဍာကိုရလိမ့်မည်။ သို့ စွန့်ကြဲပြီးနောက်ငါ့နောက်သို့လိုက်လော့'' ဟု မိန့်တော်မူ၏။-
1 Timothy 6:19ဤနည်းအားဖြင့်သူတို့သည်အနာဂတ် အတွက်ခိုင်ခံ့သည့်အုတ်မြစ်တည်းဟူသော ဘဏ္ဍာကိုစုဆောင်းရာရောက်၍ စစ်မှန်သော အသက်ကိုရရှိကြလိမ့်မည်။
Hebrews 11:26မေရှိယအရှင်၏အတွက်ခံရသောကဲ့ရဲ့ခြင်း သည် အီဂျစ်ပြည်၏စည်းစိမ်ချမ်းသာရှိသမျှ တို့ထက်ပို၍တန်ဖိုးရှိသည်ဟုယူဆ၏။ အဘယ် ကြောင့်ဆိုသော်သူသည်အနာဂတ်ကာလတွင် ရရှိမည့်အကျိုးကို အာရုံစူးစိုက်လျက်နေ သောကြောင့်ဖြစ်ပေသည်။
1 Peter 1:4သို့ဖြစ်၍ငါတို့သည်ကိုယ်တော်၏လူစု တော်အတွက် ဘုရားသခင်လျာထားတော် မူသောကောင်းချီးမင်္ဂလာများကိုခံစားနိုင် ရန်မျှော်မှန်းကြပေသည်။ ကိုယ်တော်သည် ထိုကောင်းချီးမင်္ဂလာများကိုကောင်းကင် ဘုံတွင် သင်တို့အဖို့လျာထားတော်မူ၏။ ယင်းတို့သည်ယိုယွင်းပျက်စီးမှေးမှိန်၍ မသွားနိုင်။-
Revelation 2:9သင်သည်အဘယ်မျှဆင်းရဲ၍အဘယ်မျှဒုက္ခ ရောက်သည်ကိုငါသိ၏။ သို့ရာတွင်အမှန်စင်စစ် သင်သည်ကြွယ်ဝသူဖြစ်၏။ မိမိတို့ကိုယ်ကို ဟေဗြဲအမျိုးသားများဟုဆိုကြသောသူတို့ သည်သင့်အားအသရေပျက်စေသည့်စကား များကိုပြောဆိုကြကြောင်းငါသိ၏။ သူတို့ သည်စင်စစ်အားဖြင့်ဟေဗြဲအမျိုးသားများ မဟုတ်။ စာတန်၏အဖွဲ့ဝင်များဖြစ်ကြ၏။-