ရှင်မဿဲခရစ်ဝင် 6:26
မိုးကောင်းကင်တွင်ကျင်လည်သောငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ သူတို့သည်မျိုးကိုမကြဲ၊ ကောက်နှံများကိုမရိတ်မသိမ်း၊ ကျီများတွင်လည်း သိုလှောင်မှုကိုမပြု။ သို့ရာတွင်ကောင်းကင်ဘုံရှင် သင်တို့အဖသည်ထိုငှက်တို့အားကျွေးမွေးတော် မူ၏။ သင်တို့သည်ကားငှက်များထက်များစွာပို ၍မြတ်သည်မဟုတ်လော။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 6:21သင်တို့နှင့်တိရစ္ဆာန်များအတွက်အစား အစာအမျိုးမျိုးကိုယူဆောင်လော့'' ဟု မိန့်တော်မူ၏။-
Job 38:41ကျီးအသငယ်တို့သည် စားစရာမရှိကြောင့်လှည့်လည်၍ ဘုရားသခင်ကိုအော်ဟစ်သောအခါ၊ စားစရာကိုအဘယ်သူပေးသနည်း။
Psalms 104:27ထိုတိရစ္ဆာန်များအားလုံးတို့သည်အချိန်တန်လျှင် အစာရရှိရန်ကိုယ်တော်ရှင်ကိုအားကိုးကြပါ၏။
Psalms 147:9ကိုယ်တော်သည်တိရစ္ဆာန်များအား အစာရေစာကိုပေးတော်မူ၏။ ကျီးသားငယ်တို့အော်သောအခါ ကျွေးမွေးတော်မူ၏။
Matthew 7:9သင်တို့တွင်မိမိ၏သားကမုန့်ကိုတောင်းလျှင် ကျောက်ခဲကိုပေးမည့်သူ၊-
Luke 12:6``စာကလေးငါးကောင်ကိုအဿရိနှစ်ပြား ဖြင့်ရောင်းသည်မဟုတ်လော။ သို့ရာတွင်ဘုရား သခင်သည်စာကလေးတစ်ကောင်ကိုမျှမေ့ လျော့တော်မမူ။-