ရှင်မဿဲခရစ်ဝင် 7:21
``ငါ့ကို `သခင်၊ သခင်' ဟုခေါ်သောသူတိုင်းကောင်း ကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင် ဘုံရှင်ငါ့အဖ၏အလိုတော်အတိုင်းလိုက်လျှောက် သူသာလျှင်ဝင်ရလိမ့်မည်။-
Common Language Bible
In The King James Version
In Context
20သို့ဖြစ်၍မိစ္ဆာပရောဖက်တို့ကိုသူတို့၏အပြု အမူအားဖြင့် သင်တို့သိရှိကြလိမ့်မည်။
Cross References
Hosea 8:2ငါ့အားသူတို့၏ဘုရားသခင်ဟူ၍လည်း ကောင်း၊ သူတို့သည်ငါ၏လူမျိုးတော်ဟူ၍ လည်းကောင်း၊ သူတို့သည်ငါ့ကိုသိသည် ဟူ၍လည်းကောင်းဆိုကြသော်လည်း၊-
Matthew 12:50ကောင်းကင်ဘုံရှင်ငါ့ခမည်းတော်၏အလိုတော် အတိုင်းဆောင်ရွက်သူမှန်သမျှသည်ငါ့ညီ၊ ငါ့ အစ်ကို၊ ငါ့အစ်မ၊ ငါ့နှမ၊ ငါ့အမိတို့ပေ တည်း'' ဟုမိန့်တော်မူ၏။
Matthew 18:3ထိုနောက်ကိုယ်တော်က ``အမှန်အကန်သင်တို့ အားငါဆိုသည်ကား၊ သင်တို့သည်စိတ်ပြောင်းလဲ ၍ကလေးသူငယ်ကဲ့သို့ဖြစ်မှသာလျှင်ကောင်း ကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်။-
Matthew 18:19``ထို့ပြင်အမှန်အကန်သင်တို့အားငါဆိုသည် ကား၊ လောကတွင်သင်တို့အနက်လူနှစ်ယောက် မျှစိတ်တူသဘောတူ၍ဆုတောင်းပတ္ထနာပြု ပါလျှင် ကောင်းကင်ဘုံရှင်ငါ၏ခမည်းတော် သည်သင်တို့တောင်းလျှောက်သမျှသောအရာ ကိုပေးသနားတော်မူလိမ့်မည်။-
Matthew 19:24တစ်ဖန်ငါဆိုသည်ကား၊ အပ်နဖားကိုကုလားအုတ် လျှိုဝင်ရန်လွယ်လိမ့်မည်။ ဘုရားသခင်၏နိုင်ငံတော် သို့ဥစ္စာကြွယ်ဝသူဝင်နိုင်ရန်ကားခဲယဉ်းလှ၏'' ဟု တပည့်တော်တို့အားမိန့်တော်မူ၏။
Matthew 25:11``ပညာသတိမရှိသောအပျိုရံများသည် လည်းပြန်ရောက်လာ၍ `အရှင်၊ အရှင်၊ ကျွန်မတို့ အားတံခါးဖွင့်ပေးပါ' ဟုဆိုကြ၏။-