ရှင်မဿဲခရစ်ဝင် 8:27
တပည့်တော်တို့သည်အံ့သြ၍ ``ဤသူကား အဘယ်သို့သောသူနည်း။ လေနှင့်လှိုင်းများပင် လျှင်သူ၏အမိန့်ကိုလိုက်နာကြပါတကား'' ဟုဆိုကြ၏။
Common Language Bible
In The King James Version
But the men marvelled, saying, What manner of man is this, that even the winds and the sea obey him!
In Context
Cross References
Matthew 14:33လှေထဲရှိတပည့်တော်တို့သည်ကိုယ်တော်အား ဦးညွှတ်ရှိခိုးလျက် ``အရှင်ကားအကယ်ပင် ထာဝရဘုရား၏သားတော်ဖြစ်ပါ၏'' ဟု လျှောက်ထားကြ၏။
Mark 1:27လူအပေါင်းတို့သည်လွန်စွာအံ့သြကြလျက် ``ဤ အချင်းအရာကားအဘယ်သို့နည်း။ သြဝါဒသစ် တစ်မျိုးပေလော။ သူသည်ညစ်ညမ်းသောနတ်များကို အာဏာနှင့်အမိန့်ပေး၍ နတ်တို့ကလိုက်နာကြ သည်တကား'' ဟုအချင်းချင်းပြောဆိုကြ၏။-
Mark 7:37ထိုအဖြစ်အပျက်အကြောင်းကိုကြားရသည့် လူအပေါင်းတို့သည်လွန်မင်းစွာအံ့သြကြ လျက် ``ကိုယ်တော်သည်ခပ်သိမ်းသောအမှုတို့ ကိုလျောက်ပတ်စွာပြုတော်မူပြီ။ နားပင်းသူတို့ ကိုကြားစေတော်မူပြီ။ ဆွံ့အသူတို့ကိုစကား ပြောစေတော်မူပြီ'' ဟုပြောဆိုကြ၏။