The Bible Software
bible.software › မိက္ခာအနာဂတ္တိကျမ်း › မိက္ခာအနာဂတ္တိကျမ်း 1 › မိက္ခာအနာဂတ္တိကျမ်း 1:16

မိက္ခာအနာဂတ္တိကျမ်း 1:16

ယု​ဒ​ပြည်​သား​တို့၊ သင်​တို့​ချစ်​သော​သား သ​မီး​များ​အ​တွက်​ဝမ်း​နည်း​ပူ​ဆွေး​ကြောင်း ပြ​သည့်​အ​နေ​ဖြင့် သင်​တို့​၏​ဆံ​ပင်​ကို​ရိတ် ကြ​လော့။ သင်​တို့​၏​သား​သ​မီး​များ​ကို တိုင်း​တစ်​ပါး​သို့​သိမ်း​ယူ​သွား​ကြ​မည် ဖြစ်​သော​ကြောင့် သင်​တို့​၏​ဦး​ခေါင်း​ကို လင်း​တ​ငှက်​ခေါင်း​ကဲ့​သို့​ပြောင်​အောင် ရိတ်​ကြ​လော့။

Common Language Bible

In The King James Version

Make thee bald, and poll thee for thy delicate children; enlarge thy baldness as the eagle; for they are gone into captivity from thee.

In Context

15မ​ရေ​ရှ​မြို့​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​၏​မြို့​ကို​ရန်​သူ့​လက်​သို့​အပ်​တော် မူ​မည်။ ဣ​သ​ရေ​လ​ခေါင်း​ဆောင်​များ​သည် အ​ဒု​လံ​ဥ​မင်​လှိုဏ်​ခေါင်း​သို့​ထွက်​ပြေး ပုန်း​အောင်း​ရ​လိမ့်​မည်။-

Read all of မိက္ခာအနာဂတ္တိကျမ်း 1

Cross References

Deuteronomy 28:41သင်​တို့​တွင်​သား​သ​မီး​များ​ပေါက်​ဖွား​မည် ဖြစ်​သော်​လည်း ရန်​သူ​က​သူ​တို့​ကို​သုံ့​ပန်း အ​ဖြစ်​ဖမ်း​ဆီး​သွား​မည်​ဖြစ်​သော​ကြောင့် သင်​တို့​သည်​သား​မဲ့​သ​မီး​မဲ့​ဖြစ်​လိမ့်​မည်။-

2 Kings 17:6ဟော​ရှေ​၏​နန်း​စံ​ကိုး​နှစ်​မြောက်​၌​အာ​ရှု​ရိ ဧ​က​ရာဇ်​ဘု​ရင်​သည် ရှ​မာ​ရိ​မြို့​ကို​သိမ်း​ယူ​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​သုံ့​ပန်း​များ အ​ဖြစ်​အာ​ရှု​ရိ​ပြည်​သို့​ဖမ်း​သွား​ပြီး​လျှင် အ​ချို့​ကို​ဟာ​လ​မြို့​၌​လည်း​ကောင်း၊ အ​ချို့ ကို​ဂေါ​ဇန်​ခရိုင်၊ ဟာ​ဗော်​မြစ်​အ​နီး​၌​လည်း ကောင်း၊ အ​ချို့​ကို​မေ​ဒိ​ပြည်​ရှိ​မြို့​များ​၌ လည်း​ကောင်း​နေ​ထိုင်​စေ​၏။

Isaiah 3:16ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရု​ရှ​လင်​မြို့​သူ​တို့ သည်​အ​ဘယ်​မျှ​မာန်​မာ​န​ကြီး​လျက်​နေ​သည် ကို​ကြည့်​ကြ​လော့။ သူ​တို့​သည်​လည်​ကို​မော်​၍ သွား​လာ​တတ်​ကြ​၏။ အ​စဉ်​ပင်​လျှပ်​ပေါ်​လော် လီ​ကာ​နေ​ကြ​၏။ သူ​တို့​၏​ခြေ​လှမ်း​က​လေး များ​သည်​သာ​ယာ​ညင်း​ပျောင်း​လှ​၍ သူ​တို့​၏ ခြေ​ချင်း​များ​သည်​လည်း​တ​ချွင်​ချွင်​မြည် လျက်​ရှိ​၏။-

Isaiah 22:12ထို​စဉ်​အ​ခါ​က​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​သည် သင့်​အား​ငို​ကြွေး​၍၊ ဝမ်းနည်း​သည့် အ​မှတ်​လက္ခ​ဏာ​ပြ​ရန်​နှင့်​ခေါင်း​တုံး​ရိတ်​၍ လျှော်​တေ​ကို​ဝတ်​ရန်​စေ​ခိုင်း​တော်​မူ​ခဲ့​၏။-

Jeremiah 4:8သို့​ဖြစ်​၍​လျှော်​တေ​ကို​ဝတ်​၍​ငို​ကြွေး​မြည် တမ်း​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော်၊ထာ​ဝ​ရ​ဘု​ရား​၏ ပြင်း​ထန်​သော​အ​မျက်​တော်​သည် ယု​ဒ​ပြည်​သို့​ဦး​တည်​လျက်​ရှိ​နေ​သေး သော​ကြောင့်​ဖြစ်​၏။

Jeremiah 7:29``ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ငို​ကြွေး​မြည်​တမ်း ကြ​လော့။ သင်​တို့​၏​ဆံ​ပင်​ကို​ဖြတ်​၍​ပစ်​ထုတ်​လိုက် ကြ​လော့။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အ​မျက်​တော် ရှ​သည့် လူ​မျိုး​တော်​အား​ပစ်​ပယ်​စွန့်​လွှတ်​လိုက်​ပြီ ဖြစ်​၍ သင်​တို့​သည်​တောင်​ထိပ်​များ​ပေါ်​တွင်​အ​သု​ဘ သီ​ချင်း​ကို​ဆို​ကြ​လော့။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study မိက္ခာအနာဂတ္တိကျမ်း 1:16

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← မိက္ခာအနာဂတ္တိကျမ်း 1:15မိက္ခာအနာဂတ္တိကျမ်း 1