The Bible Software
bible.software › မိက္ခာအနာဂတ္တိကျမ်း › မိက္ခာအနာဂတ္တိကျမ်း 1 › မိက္ခာအနာဂတ္တိကျမ်း 1:5

မိက္ခာအနာဂတ္တိကျမ်း 1:5

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ပြစ် ကူး​လွန်​၍​ဘု​ရား​သ​ခင်​အား​ပုန်​ကန်​ကြ သော​ကြောင့် ဤ​အ​ဖြစ်​မျိုး​နှင့်​တွေ့​ကြုံ​ရ ကြ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ပုန်​ကန်​မှု​အ​တွက် မည်​သူ့​ကို​အ​ပြစ်​တင် ရ​ပါ​မည်​နည်း။ ရှ​မာ​ရိ​မြို့​တော်​မ​ဟုတ် လော။ ယု​ဒ​လူ​မျိုး​များ​ကိုး​ကွယ်​နေ​သည့် မြင့်​ရာ​အ​ရပ်​ကား​အ​ဘယ်​မှာ​နည်း။ ယေ​ရု​ရှ​လင်​မြို့​တော်​၌​မ​ဟုတ်​လော။-

Common Language Bible

In The King James Version

For the transgression of Jacob is all this, and for the sins of the house of Israel. What is the transgression of Jacob? is it not Samaria? and what are the high places of Judah? are they not Jerusalem?

In Context

4ထို​အ​ခါ​၌​တောင်​များ​သည်​မီး​နှင့်​တွေ့​သော ဖ​ယောင်း​ကဲ့​သို့​အ​ရည်​ပျော်​လိမ့်​မည်။ ထို​နောက်​တောင်​ကုန်း​မှ​တောင်​အောက်​သို့ ရေ​စီး​ဆင်း​သ​ကဲ့​သို့​ချိုင့်​ဝှမ်း​ထဲ​သို့​စီး​ဆင်း လိမ့်​မည်။

6ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည် ရှ​မာ​ရိ​မြို့​ကို​ကွင်း​ပြင်​၌​မြို့​ပျက်​ကဲ့ သို့​လည်း​ကောင်း၊ စ​ပျစ်​ပင်​စိုက်​ရာ​အ​ရပ် ကဲ့​သို့​လည်း​ကောင်း​ဖြစ်​စေ​မည်။ ငါ​သည် မြို့​ပျက်​မှ​ကျောက်​တုံး​ကျောက်​ခဲ​တို့​ကို ချိုင့်​ဝှမ်း​ထဲ​သို့​သွန်​ချ​၍​မြို့​အောက်​ခြေ ကို​လှန်​ပစ်​မည်။-

Read all of မိက္ခာအနာဂတ္တိကျမ်း 1

Cross References

1 Kings 13:32ဗေ​သ​လ​မြို့​ရှိ​ယဇ်​ပလ္လင်​နှင့် ပတ်​သက်​၍​လည်း ကောင်း၊ ရှ​မာ​ရိ​မြို့​များ​ရှိ​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဌာ​န​များ​နှင့်​ပတ်​သက်​၍​လည်း​ကောင်း၊ ထာ​ဝရ ဘု​ရား​အ​မိန့်​တော်​အ​ရ​ထို​သူ​ပြန်​ကြား​သည့် စ​ကား မှန်​သ​မျှ​သည်​မု​ချ​အကောင်​အ​ထည် ပေါ်​လာ​လိမ့်​မည်'' ဟု​ဆို​၏။

2 Kings 16:3ဣ​သ​ရေ​လ​မင်း​တို့​၏​လမ်း​စဉ်​ကို​လိုက်​လေ သည်။ သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ချီ တက်​လာ​ချိန်​၌ ထာ​ဝ​ရ​ဘု​ရား​နှင်​ထုတ်​တော် မူ​သော​လူ​မျိုး​တို့​၏​စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​ကောင်း သည့်​ဋ္ဌ​လေ့​ထုံး​စံ​တို့​ကို​အ​တု​ခိုး​ကာ မိ​မိ ၏​သား​တော်​ကို​ပင်​လျှင်​မီး​ရှို့​ရာ​ပူ​ဇော်​သကာ အ​ဖြစ်​ရုပ်​တု​တို့​အား​ပူ​ဇော်​လေ​သည်။-

2 Kings 17:7ရှ​မာ​ရိ​မြို့​ကျ​ဆုံး​ရ​သည်​မှာ​ဣသ​ရေ​လ​အ​မျိုး သား​တို့​သည် မိ​မိ​တို့​အား​အီ​ဂျစ်​ဘု​ရင်​၏​လက် မှ​ကယ်​ဆယ်​ကာ​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ တော်​မူ​သော မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​ကြ​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည်​အ​ခြား​ဘု​ရား​များ​ကို​ကိုး​ကွယ် ဝတ်​ပြု​ကြ​၏။-

2 Chronicles 28:2ဣ​သ​ရေ​လ​ဘု​ရင်​တို့​၏​လမ်း​စဉ်​ကို​လိုက်​၏။ သူ​သည်​ဗာ​လ​ဘု​ရား​၏​ရုပ်​တု​များ​ကို သွန်း​လုပ်​စေ​၍၊-

2 Chronicles 28:23သူ​သည်​မိ​မိ​အား​နှိမ်​နင်း​ခဲ့​သည့်​အာ​ရှု​ရိ အ​မျိုး​သား​တို့​၏​ဘု​ရား​များ​ကို​ယဇ်​ပူ​ဇော် လေ​၏။ သူ​က``အာ​ရှု​ရိ​ဘု​ရား​တို့​သည် အာ​ရှု​ရိ​ဘု​ရင်​များ​ကို​ကူ​မ​ကြ​၏။ သို့ ဖြစ်​၍​သူ​တို့​အား​ငါ​ယဇ်​ပူ​ဇော်​ပါ​က သူ​တို့​သည် ငါ့​ကို​လည်း​ကူ​မ​ကောင်း​ကူ​မ ကြ​လိမ့်​မည်'' ဟု​ဆို​၏။ သို့​ရာ​တွင်​ထို​အ​မှု တို့​သည် သူ​နှင့်​သူ​၏​ပြည်​သူ​တို့​အ​ပေါ် သို့​ဘေး​အန္တရာယ်​ဆိုက်​ရောက်​စေ​လေ​သည်။-

Isaiah 50:1ထာ​ဝ​ရ​ဘု​ရား​က၊ ``ဇ​နီး​သည်​ကို​ကွာ​ရှင်း​ပစ် လိုက်​သည့် ယောကျာ်း​ကဲ့​သို့၊ ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​နှင်​ထုတ်​လိုက် သည်​ဟု သင်​တို့​ထင်​မှတ်​ကြ​ပါ​သ​လော။ ယင်း​သို့​နှင်​ထုတ်​လိုက်​ပါ​မူ​ဖြတ်​စာ​များ​ကား အ​ဘယ်​မှာ​ရှိ​ပါ​သ​နည်း။ မိ​မိ​၏​သား​သ​မီး​များ​ကို​ကျွန်​အ​ဖြစ် ရောင်း​စား​သူ​ကဲ့​သို့၊ငါ​သည်​သင်​တို့​အား သုံ့​ပန်း​အ​ဖြစ်​ဖြင့်​ရောင်း​ချ​လိုက်​သည်​ဟု​သင်​တို့ ထင်​မှတ်​ကြ​ပါ​သ​လော။ သင်​တို့​ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ခြင်း​ခံ​ရ​ကြ သည်​မှာ သင်​တို့​၏​အ​ပြစ်​များ​ကြောင့်​ဖြစ်​ပေ​သည်။ သင်​တို့​သည်​မိ​မိ​တို့​ကူး​လွန်​ကြ​သည့် ရာ​ဇ​ဝတ်​မှု​များ​ကြောင့်​အ​နှင်​ခံ​ရကြ​ခြင်း ဖြစ်​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study မိက္ခာအနာဂတ္တိကျမ်း 1:5

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← မိက္ခာအနာဂတ္တိကျမ်း 1:4မိက္ခာအနာဂတ္တိကျမ်း 1မိက္ခာအနာဂတ္တိကျမ်း 1:6 →