The Bible Software
bible.software › မိက္ခာအနာဂတ္တိကျမ်း › မိက္ခာအနာဂတ္တိကျမ်း 1 › မိက္ခာအနာဂတ္တိကျမ်း 1:8

မိက္ခာအနာဂတ္တိကျမ်း 1:8

ထို​အ​ခါ​မိက္ခာ​က``ထို​အ​တွက်​ကြောင့်​ငါ သည်​ငို​ကြွေး​မြည်​တမ်း​မည်။ ငါ​သည်​ဝမ်း နည်း​ကြောင်း​ပြ​ရန်​ဖိ​နပ်​မ​စီး၊ အ​ဝတ် အင်္ကျီ​မ​ဝတ်​ဆင်​ဘဲ​လှည့်​လည်​မည်။ ငါ သည်​ခွေး​အ​ကဲ့​သို့​အူ​၍​ငှက်​ကု​လား အုတ်​ကဲ့​သို့​ညည်း​ညူ​မည်။-

Common Language Bible

In The King James Version

Therefore I will wail and howl, I will go stripped and naked: I will make a wailing like the dragons, and mourning as the owls.

In Context

7ရုပ်​တု​ရှိ​သ​မျှ​ကို​ကျိုး​ပဲ့​ကြေ​မွ​စေ​မည်။ ရုပ်​တု​တို့​အား​ပူ​ဇော်​သော​လက်​ဆောင်​ပစ္စည်း ရှိ​သ​မျှ​ကို​မီး​ရှို့​ဖျက်​ဆီး​မည်။ ရုပ်​တု​ရှိ သ​မျှ​ကို​အ​မှိုက်​ပုံ​ဖြစ်​စေ​မည်။ ရှ​မာ​ရိ မြို့​သည်​ဤ​အ​ရာ​များ​ကို​ရုပ်​တု​ကိုး​ကွယ် မှု​ဖြင့်​စု​ဆောင်း​ရ​ရှိ​၏။ ဘု​ရား​ကျောင်း ပြည့်​တန်​ဆာ​လုပ်​ငန်း​နှင့် ရန်​သူ​များ​သည် ယင်း​တို့​ကို​ကိုး​ကွယ်​ရန်​သိမ်း​ယူ​သွား ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

9ရှ​မာ​ရိ​မြို့​၏​ဒဏ်​ရာ​ဒဏ်​ချက်​တို့​ကို​ကု​သ ၍​မ​ရ​နိုင်။ ယု​ဒ​ပြည်​သည်​လည်း​ထို​ကဲ့​သို့ သော​ကံ​ကြမ္မာ​နှင့်​တွေ့​ကြုံ​ရ​တော့​မည်။ ငါ ၏​အ​မျိုး​သား​တို့​နေ​ထိုင်​ရာ​ယေ​ရု​ရှ​လင် မြို့​တံ​ခါး​များ​သို့​ဘေး​အန္တ​ရာယ်​ဆိုက် ရောက်​လာ​သည်'' ဟု​ဆို​လေ​၏။

Read all of မိက္ခာအနာဂတ္တိကျမ်း 1

Cross References

Esther 4:1ဤ​အ​ဖြစ်​အ​ပျက်​အ​လုံး​စုံ​ကို မော်​ဒ​ကဲ သိ​ရ​သော​အ​ခါ​ပြင်း​စွာ​စိတ်​ဒုက္ခ​ရောက်​လျက် မိ​မိ​၏​အ​ဝတ်​များ​ကို​ဆုတ်​ပြီး​လျှင်​လျှော် တေ​ကို​ဝတ်​၍​ဦး​ခေါင်း​ကို​ပြာ​နှင့်​လူး​၏။ ထို နောက်​သူ​သည်​ပြင်း​ပြ​စွာ​ငို​ကြွေး​မြည်​တမ်း လျက် နန်း​တော်​အ​ဝင်​ဝ​သို့​ရောက်​သည်​တိုင် အောင်​မြို့​ကို​ဖြတ်​၍​လျှောက်​သွား​လေ​သည်။ မည်​သူ​မ​ဆို​လျှော်​တေ​ကို​ဝတ်​၍ နန်း​တွင်း သို့​မ​ဝင်​ရ​သော​ကြောင့်​သူ​သည်​နန်း​တွင်း သို့​မ​ဝင်​ချေ။-

Psalms 102:6ကျွန်​တော်​မျိုး​သည်​တော​ကန္တာ​ရ​ရှိ တော​ငှက်​ကဲ့​သို့​လည်း​ကောင်း၊ ယို​ယွင်း​ပျက်​စီး​နေ​သော​အ​ဆောက်​အ​အုံ​ရှိ ဇီး​ကွက်​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​ပါ​၏။

Isaiah 16:9ယ​ခု​အ​ခါ​ငါ​သည်​ယာ​ဇာ​မြို့​အ​တွက်​ငို ယို​မိ​သ​ကဲ့​သို့ စိ​ဗ​မာ​စ​ပျစ်​ပင်​များ​အ​တွက် လည်း​ငို​ယို​မိ​ပါ​၏။ လူ​တို့​ဝမ်း​မြောက်​စွာ​စု သိမ်း​ရန်​အ​သီး​အ​နှံ​များ​မ​ရှိ​တော့​သ​ဖြင့် ငါ​သည်​ဟေ​ရှ​ဘုန်​မြို့​နှင့်​ဧ​လာ​လေ​မြို့ တို့​အ​တွက်​မျက်​ရည်​ကျ​ပါ​၏။-

Isaiah 21:3ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​မြင်​ရ​ကြား​ရ​သော​အ​မှု အ​ရာ​များ​ကြောင့် ငါ​သည်​သား​ဖွား​သည့်​အ​မျိုး သ​မီး​သ​ဖွယ်​ထိတ်​လန့်​၍​ဝေ​ဒ​နာ​ခံ​ရ​၏။-

Jeremiah 4:19ငါ့​အ​သည်း​နာ​လှ​၏။ မ​ခံ​မ​ရပ်​နိုင်​အောင် အ​သည်း​နာ​၏။ ငါ​သည်​ပြင်း​စွာ​နှ​လုံး​တုန်၊ရင်​ခုန်​လျက် နေ​ပါ​သည်​တ​ကား။ ငါ​သည်​အ​ငြိမ်​မ​နေ​နိုင်​တော့​ပြီ။ တံ​ပိုး​ခ​ရာ​မှုတ်​သံ​ကို​လည်း​ကောင်း၊တိုက်​ပွဲ ကြွေး​ကြော်​သံ​များ​ကို​လည်း​ကောင်း​ငါကြား ရ​၏။

Jeremiah 9:10ယေ​ရ​မိ​က``တောင်​ရိုး​များ​အ​တွက်​ငါ​မြည် တမ်း​မည်။ မြက်​ခင်း​များ​အ​တွက်​ငါ​ငို​ကြွေး​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​စား​ကျက်​တို့​သည် ခြောက်​သွေ့​သွား​၍ ဖြတ်​သန်း​သွား​လာ​မည့်​သူ​ကင်း​မဲ့​လျက် နေ​သော​ကြောင့်​ဖြစ်​၏။ သိုး​နွား​မြည်​သံ​ကို​မ​ကြား​ရ​ကြ​တော့​ပေ။ ငှက်​များ၊တော​တိ​ရစ္ဆာန်​များ​သည်​လည်း ထွက်​ပြေး​ကြ​လေ​ပြီ'' ဟု​ဆို​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study မိက္ခာအနာဂတ္တိကျမ်း 1:8

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← မိက္ခာအနာဂတ္တိကျမ်း 1:7မိက္ခာအနာဂတ္တိကျမ်း 1မိက္ခာအနာဂတ္တိကျမ်း 1:9 →