မိက္ခာအနာဂတ္တိကျမ်း 6:1
ဣသရေလအမျိုးသားတို့၊ ထာဝရဘုရား ၏စွပ်စွဲတော်မူချက်ကိုနားထောင်လော့။ အို ထာဝရဘုရား၊ ထတော်မူ၍ကိုယ်တော် ၏စွပ်စွဲချက်ကိုမိန့်တော်မူပါ။ ကိုယ်တော် မိန့်တော်မူချက်ကိုတောင်နှင့်တောင်ကုန်း များကြားကြပါစေ။
Common Language Bible
In The King James Version
In Context
Read all of မိက္ခာအနာဂတ္တိကျမ်း 6
Cross References
Deuteronomy 32:1``မိုးကောင်းကင်နှင့်ပထဝီမြေကြီးတို့ ငါ ပြောသမျှကိုစေ့စေ့နားထောင်လော့။
Psalms 50:1အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်တော်မူသော ထာဝရဘုရားသည်အရှေ့မှအနောက်သို့ တိုင်အောင် ကမ္ဘာတစ်ဝန်းလုံးအားမိန့်မြွက်ဆင့်ခေါ်တော် မူ၏။
Isaiah 1:2ထာဝရဘုရားက``အို ကမ္ဘာမြေကြီးနှင့်မိုးကောင်းကင်တို့ ငါထာဝရဘုရားမိန့်တော်မူသောစကားကိုနားထောင်ကြလော့။ ငါကျွေးမွေးပြုစုထားသည့်သားသမီးများသည်ငါ့အားပုန်ကန်ကြလေပြီ။-
Isaiah 3:13ထာဝရဘုရားသည်မိမိ၏အမှုကိုဖော်ပြ ရန်အသင့်ရှိတော်မူ၏။ ကိုယ်တော်သည်လူမျိုး တကာတို့ကိုတရားစီရင်ရန်အသင့်ရှိ တော်မူ၏။-
Jeremiah 22:29အို ပြည်တော်၊ အို ပြည်တော်၊ အို ပြည်တော်၊ ထာဝရဘုရားမိန့်တော်မူသည်ကိုနားထောင် လော့။
Ezekiel 36:1ထာဝရဘုရားက``အချင်းလူသား၊ ဣသ ရေလတောင်တို့အားသူတို့အတွက်ငါအရှင် ထာဝရဘုရားမိန့်တော်မူသောစကားတော် ကိုနားထောင်ရန်ပြောလော့။ ဣသရေလပြည် ၏ရန်သူများက`ရှေးပဝေသဏီအခါမှ စ၍တည်ရှိခဲ့သော ဤတောင်ကုန်းများကို ယခုငါတို့အပိုင်ရပြီ' ဟုပီတိစိတ် ဖြင့်ဆိုကြ၏။