မိက္ခာအနာဂတ္တိကျမ်း 7:11
ယေရုရှလင်မြို့သားတို့၊ မြို့ရိုးများကို အသစ်ပြန်၍တည်ဆောက်ရသောအချိန် ရောက်လာပြီ။ ထိုအခါ၌သင်တို့၏နယ် မြေကျယ်ပြန့်လာမည်။-
Common Language Bible
In The King James Version
In the day that thy walls are to be built, in that day shall the decree be far removed.
In Context
Read all of မိက္ခာအနာဂတ္တိကျမ်း 7
Cross References
Nehemiah 2:8ဗိမာန်တော်ရဲတိုက်ဝင်းတံခါးများ၊ မြို့ရိုး များနှင့်ငါ၏အိမ်အတွက်သစ်ပေးရန်ဘုရင့် သစ်တောဝန်အာသပ်ထံသို့ အမှာတော်စာ ကိုလည်းကောင်းသနားတော်မူရန်ပန်ကြား ၏။ ဘုရားသခင်သည်ငါနှင့်အတူရှိတော် မူသည်ဖြစ်၍ ဧကရာဇ်မင်းသည်ငါတောင်း သမျှသောအရာတို့ကိုပေးသနားတော် မူပေသည်။
Nehemiah 3:1မြို့ရိုးကိုပြန်လည်တည်ဆောက်ကြပုံကား ဤ သို့တည်း။ ယဇ်ပုရောဟိတ်မင်းဧလျာရှိပ်နှင့်သူ၏ အဖော်ယဇ်ပုရောဟိတ်တို့သည် သိုးတံခါး ကိုပြန်လည်တည်ဆောက်၍ဆက်ကပ်ပြီး လျှင် တံခါးရွက်များကိုတပ်ဆင်ကြ၏။ သူတို့သည်မြို့ရိုးကိုရာပြည့်ပြအိုးနှင့် ဟာနနေလပြအိုးတိုင်အောင်ဆက်ကပ် ကြ၏။
Nehemiah 4:6သို့ဖြစ်၍ငါတို့သည်မြို့ရိုးကိုဆက်လက် တည်ဆောက်ကြရာ ဆောက်လုပ်သူတို့၏စိတ် အားထက်သန်မှုကြောင့် မကြာမီပင်မြို့ရိုး အမြင့်တစ်ဝက်တိုင်အောင်ပြီးလေ၏။
Isaiah 54:11``အို ယေရုရှလင်မြို့၊ဒုက္ခရောက်လျက်၊ အားကိုးရာမဲ့ဖြစ်ကာ၊ နှစ်သိမ့်မည့်သူ မရှိသည့်မြို့၊ ငါသည်သင်၏အုတ်မြစ်များကိုအဖိုးတန် ကျောက်များဖြင့်ပြန်လည်တည်ဆောက်မည်။
Isaiah 61:4သူတို့သည်ကာလကြာမြင့်စွာ ပျက်စီးယိုယွင်းနေခဲ့သောမြို့များကို ပြန်လည်တည်ဆောက်၍အသစ်ပြုပြင် ကြလိမ့်မည်။
Amos 9:11ထာဝရဘုရားက``ပြိုပျက်နေသောအိုးအိမ် ပမာဖြစ်နေသည့်ဒါဝိဒ်နိုင်ငံကို ငါသည်ပြန် လည်၍တည်ဆောက်သောအချိန်ရောက်လိမ့်မည်။ ကွဲအက်နေသောနံရံတံတိုင်းတို့ကိုငါပြန် ပြုပြင်မည်။ ရှေးအခါကတည်နေသကဲ့ သို့ငါပြန်လည်ထူထောင်မည်။-