The Bible Software
bible.software › မိက္ခာအနာဂတ္တိကျမ်း › မိက္ခာအနာဂတ္တိကျမ်း 7 › မိက္ခာအနာဂတ္တိကျမ်း 7:18

မိက္ခာအနာဂတ္တိကျမ်း 7:18

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​နှင့်​နှိုင်း​ယှဉ် အပ်​သော​အ​ခြား​ဘု​ရား​မ​ရှိ​ပါ။ ကိုယ်​တော် သည်​အ​သက်​ရှင်​ကျန်​ရစ်​သော ကိုယ်​တော်​၏ လူ​မျိုး​တော်​၏​ပုန်​ကန်​သည့်​အ​ပြစ်​များ​ကို လွှတ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​အ​စဉ် အ​မြဲ​အ​မျက်​ထွက်​တော်​မ​မူ​ပါ။ ကိုယ်​တော် သည်​အ​ကျွန်ုပ်​တို့​အား​မေတ္တာ​က​ရု​ဏာ​ထား တော်​မူ​ပါ​၏။-

Common Language Bible

In The King James Version

Who is a God like unto thee, that pardoneth iniquity, and passeth by the transgression of the remnant of his heritage? he retaineth not his anger for ever, because he delighteth in mercy.

In Context

17သူ​တို့​သည်​မြွေ​ကဲ့​သို့​ဖုတ်​ထဲ​တွင်​တွား​သွား ကြ​လိမ့်​မည်။ သူ​တို့​သည်​မိ​မိ​တို့​၏​ခံ​တပ် များ​ထဲ​မှ​ကြောက်​ရွံ့​တုန်​လှုပ်​စွာ​ထွက်​လာ​၍ ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ သို့​ချဉ်း​ကပ်​ကိုး​ကွယ်​ကြ​လိမ့်​မည်။

19ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား​သ​နား ကြင်​နာ​တော်​မူ​ဦး​မည်။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​၏​အ​ပြစ်​များ​ကို​နင်း​ချေ​၍ ပင်​လယ်​အောက်​သို့​ပစ်​ချ​တော်​မူ​မည်။-

Read all of မိက္ခာအနာဂတ္တိကျမ်း 7

Cross References

Exodus 33:18ထို​နောက်​မော​ရှေ​က``ကိုယ်​တော်​၏​တောက်​ပ သော​ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြင်​ခွင့်​ပေး တော်​မူ​ပါ'' ဟု​တောင်း​ပန်​လျှောက်​ထား​၏။

Exodus 34:9``အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ် အား​အ​ကယ်​ပင်​နှစ်​သက်​ပါ​လျှင်​အ​ကျွန်ုပ် တို့​နှင့်​အ​တူ​ကြွ​သွား​တော်​မူ​ပါ။ ဤ​လူ​တို့ သည်​ခေါင်း​မာ​ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့ ၏​ဒု​စ​ရိုက်​အ​ပြစ်​ကို​လွှတ်​လျက် အ​ကျွန်ုပ်​တို့ အား​ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​ဖြစ်​လက် ခံ​တော်​မူ​ပါ'' ဟု​လျှောက်​ထား​လေ​၏။

Numbers 23:21ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​နောင်​အ​ခါ ဘေး​ဒုက္ခ​ရောက်​မည်​ကို​ငါ​မ​မြင်။ သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ဘု​ရင်​ဖြစ်​ကြောင်း ကို ကြေ​ညာ​ကြ​၏။

Judges 10:16သူ​တို့​သည်​လူ​မျိုး​ခြား​တို့​ကိုး​ကွယ်​သည့် ဘု​ရား​များ​ကို​လည်း စွန့်​ပယ်​ကာ​ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ကြ​ကုန်​၏။ ကိုယ် တော်​သည်​လည်း​ထို​သူ​တို့​ခံ​ရ​သော​ဆင်း​ရဲ ဒုက္ခ​အ​တွက်​က​ရု​ဏာ​သက်​တော်​မူ​၏။

Nehemiah 9:17သူ​တို့​သည်​ကိုယ်​တော်​၏​စ​ကား​တော်​ကို နား​မ​ထောင်​ကြ​ပါ။ ပြု​တော်​မူ​သော​အ​မှု​တော်​တို့​ကို မေ့​ပျောက်​လိုက်​ကြ​ပါ​၏။ ကိုယ်​တော်​ပြ​တော်​မူ​သော​နိ​မိတ်​လက္ခ​ဏာ များ​ကို သ​တိ​မ​ရ​ကြ​တော့​ပါ။ မာန်​မာ​န​ထောင်​လွှား​ကာ​မိ​မိ​တို့​အား ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​သို့​ပြန်​လည်​ခေါ်​ဆောင် စေ​ရန် ခေါင်း​ဆောင်​တစ်​ဦး​ကို​ရွေး​ချယ်​ကြ​ပါ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​အ​ပြစ်​များ​ကို ဖြေ​လွှတ်​တော်​မူ​သည့်​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ ချစ်​ခင်​ကြင်​နာ​တော်​မူ​၍​စိတ်​ရှည်​တော်​မူ​ပါ​၏။ က​ရု​ဏာ​တော်​သည်​ကြီး​မား​သည်​ဖြစ်​၍ ကိုယ်​တော်​သည်​သူ​တို့​အား​စွန့်​ပစ်​တော်​မ​မူ​ပါ။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study မိက္ခာအနာဂတ္တိကျမ်း 7:18

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← မိက္ခာအနာဂတ္တိကျမ်း 7:17မိက္ခာအနာဂတ္တိကျမ်း 7မိက္ခာအနာဂတ္တိကျမ်း 7:19 →