မိက္ခာအနာဂတ္တိကျမ်း 7:20
ကိုယ်တော်သည်ရှေးအခါကအကျွန်ုပ်တို့ ၏ဘိုးဘေးတို့အား ကတိထားရှိခဲ့သည့် အတိုင်းအာဗြဟံနှင့်ယာကုပ်တို့၏အ ဆက်အနွယ်များဖြစ်သော ကိုယ်တော်၏ လူမျိုးတော်အားသစ္စာတော်၊ ကရုဏာတော် နှင့်အညီကျေးဇူးပြုတော်မူလိမ့်မည်။ ပရောဖက်မိက္ခာစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။
Common Language Bible
In The King James Version
In Context
Read all of မိက္ခာအနာဂတ္တိကျမ်း 7
Cross References
Genesis 12:2ငါသည်သင်၏သားမြေးတို့ကိုများပြားစေ မည်။ သူတို့အားလူမျိုးကြီးဖြစ်စေမည်။ ငါ သည်သင့်ကိုကောင်းချီးပေး၍သင်၏နာမ ကိုကြီးမြတ်စေသဖြင့် လူတို့သည်သင့်အား ဖြင့်ကောင်းချီးခံစားရကြမည်။
Genesis 22:16``ငါထာဝရဘုရား၊ ယခုမိန့်ကြားနေသည်။ ငါသည်သင့်အားကြွယ်ဝစွာကောင်းချီးပေး မည်။ သင်၏တစ်ယောက်တည်းသောသားကိုငါ တောင်းသည့်အတိုင်းငြင်းဆန်ခြင်းမပြုဘဲ ပူဇော်သည့်အမှုကြောင့်၊-
Genesis 28:13ထိုနောက်ထာဝရဘုရားသည်သူ့အနီးတွင် ရပ်နေသည်ကိုမြင်ရ၏။ ထာဝရဘုရားက``ငါ သည်အာဗြဟံ၊ ဣဇာက်တို့၏ဘုရားတည်းဟူ သောထာဝရဘုရားဖြစ်၏။ သင်ယခုနားနေ ရာပြည်ကိုသင်နှင့်သင်၏အဆက်အနွယ်တို့ အားငါပေးမည်။-
Psalms 105:8ကိုယ်တော်သည်မိမိ၏ပဋိညာဉ်တော်ကို ထာဝစဉ် ခိုင်မြဲစေတော်မူလိမ့်မည်။ ကတိတော်များကိုလူမျိုးဆက်တစ်ထောင် တိုင်အောင်တည်စေတော်မူလိမ့်မည်။
Jeremiah 33:25သို့ရာတွင်ငါထာဝရဘုရားသည်နေ့နှင့် ညဥ့်တို့နှင့်ပဋိညာဉ်ပြုကာ ကမ္ဘာမိုးမြေကို ထိန်းချုပ်ရန်အတွက်ဋ္ဌမ္မတာတရားကို ဖန်တီး၍ထား၏။-
Luke 1:72ငါတို့၏ဘိုးဘေးများအပေါ်ဝယ်ကရုဏာ ထားတော်မူမည်ဖြစ်ကြောင်းနှင့်၊ ပဋိညာဉ်တော်ကိုသတိရမည်ဖြစ်ကြောင်း မိန့်တော်မူခဲ့ပြီ။